ဇန်န၀ါရီ ၁၁၊ ၂၀၁၆
M-Media
– မြောက်ကိုရီးယား၏ နောက်ဆုံးနျူကလီးယားစမ်းသပ်မှုအပြီးတွင် မဟာမိတ်နိုင်ငံအား ကာကွယ်မည်ဆိုသော အစွမ်းအစနှင့် ဆုံးဖြတ်ချက်ကို ပြသရန်အတွက် အမေရိန် ဗုံးကြဲလေယာဉ် B-52 မှာ တောင်ကိုရီးယားနိုင်ငံပေါ်သို့ ဖြတ်၍ အနိမ့်ပျံသန်းခဲ့သည်ဟု သိရသည်။
“ဒီနေ့ လေယာဉ်ပျံသန်းမှုဟာ မဟာမိတ်ရဲ့ အစွမ်းအစနဲ့ ခွန်အားကို ပြသလိုက်တာဖြစ်ပါတယ်” ဟု တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့၏ အကြီးကဲ ဗိုလ်ချုပ် ကာတစ် စကာပါရော့တီက ပြောကြားခဲ့သည်။
F-16 တိုက်လေယာဉ်တစ်စင်း စောင့်ကြပ်လိုက်ပါခဲ့သည့် US B-52 ဗုံးကြဲလေယာဉ်မှာ ဂူအမ်ကျွန်းရှိ အန်ဒါဆင်အခြေစိုက်စခန်းမှ ပျံသန်းထွက်ခွာခဲ့ပြီး တောင်ကိုးရီးယား၏ အိုဆန် လေတပ်အခြေစိုက်စခန်းအပေါ် ပျံသန်းစဉ်အတွင်း တောင်ကိုးရီးယား၏ F-15 တိုက်လေယာဉ်က စောင့်ကြပ်လိုက်ပါခဲ့သည်။ ထို့နောက် မဟာဗျုဟာမြောက် ဗုံးကြဲလေယာဉ်သည် ဂူအမ်ကျွန်းသို့ ပြန်သွားခဲ့သည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကို ပြီးခဲ့သည့်သီတင်းပတ် အစောပိုင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တစ်ညီတစ်ညွတ်တည်း ရှုတ်ချခဲ့သည်။
မြောက်ကိုးရီးယားက အဆိုပါ နျူကလီးယားဗုံး ထုတ်လုပ်မှုသည် ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်လာမည့် အမေရိကန်၏ ကျူးကျော်မှုကို ကာကွယ်ရန် အသက်တမျှအရေးကြီးကြောင်း တုန့်ပြန် ပြောဆိုခဲ့သည်။ ထို့ပြင် ယင်းဗုံးမှာ လစ်ဗျားနှင့် အီရတ်နိုင်ငံများတွင် အမေရိကန်က ပြုလုပ်ခဲ့သော ကျူးကျော်မှုကဲ့သို့ လုပ်ရပ်များကို ဟန့်တား ရန်သာဖြစ်သည်ဟု ဆိုသည်။
Ref: RT
Comments