6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၁၊ ၂၀၁၆
M-Media

pla

– ပါလက်စတိုင်းပိုင်နက်များတွင် ပါလက်စတိုင်းတို့အပေါ် အစ္စရေးက ကျူးလွန်မှုများကို မခြွင်းမချန် ဖော်ပြလေ့ရှိသည့် ထင်ရှားသော လူ့အခွင့်အရေးအဖွဲ့၏ရုံးခန်းမှာ မီးလောင်ခဲ့ပြီး၊ ရှို့မီးဖြစ်ပါက အစိုးရ၏ လှုံ့ဆောင်မှုကြောင့် ဖြစ်သည်ဟု ထိုအဖွဲ့က ပြောကြားခဲ့သည်။

တဲလ်အဗီးအခြေစိုက် B’Tselem လူ့အခွင့်အရေးအဖွဲ့ဖြစ်ပြီး ၎င်းတို့၏ ကြေငြာချက်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ရုံးခန်းမှာ ဆိုးဆိုးရွားရွား ပျက်ဆီးခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ လူ့အခွင့်အရေးအဖွဲ့၏ အဆောက်အဦး မီးလောင်နေစဉ်အတွင်း အစ္စရေးအနည်းငယ်မှာ ထိုနေရာသို့ လာရောက်၍ အောင်ပွဲခံခဲ့ရသည်ဟု ဒေသတွင်း 972 မဂ္ဂဇင်း၏ ဘလော့စာမျက်နှာတွင် ဖော်ပြခဲ့သည်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိချေ။

လက်ယာယိမ်းအစ္စရေးအစိုးရက လူ့အခွင့်ရေးအဖွဲ့များကို နိုင်ငံခြားသူလျှိုများဖြစ်သည်ဟု စွပ်စွဲကာ ထိန်းချုပ်ရန်အတွက် ဥပေဒတစ်ခုဖြစ်လာရေး ကြိုးပမ်းနေစဉ်အတွင်း B’Tselem ရုံးခန်းမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပါလက်စတိုင်းပိုင်နက်များကို ကျူးကျော်ကာ တရားမ၀င်အခြေချအိမ်ယာများ တည်ဆောက်မှုကို ထောက်ခံသည့်အဖွဲ့က လူ့အခွင့်အရေးအဖွဲ့များကို နိုင်ငံခြားအေးဂျင့်များအဖြစ် သမုတ်သည့် လှုပ်ရှားမှုကို စတင်ခဲ့ကြသည်။

“တကယ်လို့များ ဒါဟာ ရှို့မီးဖြစ်မယ်ဆိုရင် အစ္စရေးလူ့အခွင့်အရေးအဖွဲ့တွေ အထူးသဖြင့် B’Tselem အဖွဲ့ကို ဆန့်ကျင်တဲ့ အစိုးရရဲ့လှုံ့ဆော်မှု၊ ညစ်ပတ်တဲ့ လှုပ်ရှားမှုကြောင့်ပဲ ဖြစ်ပါလိ့မ်မယ်။ ကျွန်တော်တို့ရဲ့ ရုံးခန်းတွေ ပျက်ဆီးစေခြင်းဟာ အစ္စရေးက ကျူးကျော်ပိတ်ဆို့ထားတဲ့ဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှာဖွေမှတ်တမ်းတင်တဲ့အလုပ်ကို ရပ်တန့်စေမှာ မဟုတ်ပါဘူး” ဟု B’Tselem ၏ ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ယခင်ကလည်း ပါလက်စတိုင်းရှိ လူ့အခွင့်အရေးအဖွဲ့များကို အစ္စရေးတပ်ဖွဲ့များနှင့် အခြားသော ဂျူးအစွန်းရောက်အဖွဲ့များက ပုံမှန်လိုလို ပိတ်ပစ်ခြင်း၊ စီးနင်းခြင်းတို့ ပြုလုပ်လေ့ရှိသည်။

Ref: Aljazeera

Tags:

Leave a Reply