6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၂၊ ၂၀၁၆
M-Media

saudi

– ဘင်္ဂလားဒေ့ရှ်တွင် ဆော်ဒီက ငွေကြေးထောက်ပံ့ကာ ဆောက်လုပ်ပေးခဲ့သည့် မုန်တိုင်ဒဏ်ခံ ခိုလှုံရာအဆောက်အဦး စုစုပေါင်း  အခု ၁၇၀ ကို ယခုသီတင်းပတ်အတွင်း စစ်တကောင်းမြို့တွင် ဘင်္ဂလာဒေ့ရှ်အစိုးရသို့ တရားဝင်လွှဲပြောင်းပေးအပ်မည်ဟု သိရသည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများဆိုင်ရာ ဘုရင်အဘ်ဒူလာဖောင်ဒေးရှင်း ဥက္ကဌ မင်းသား တာကီ ဘင် အဘ်ဒူလာ ဘင် အဘ်ဒူလ်အဇီးဇ်က အသစ်ဆောက်လုပ်ထားသည့် အဆိုပါ အဆောက်အဦးများကို ဘင်္ဂလားဒေ့ရှ်အစိုးရသို့လွှဲပြောင်းပေးအပ်ရန် ဒါကာသို့ ယမန်နေ့က ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ အဆိုပါ အဆောက်အဦးများကို ဘုရင် အဘ်ဒူလာဖောင်ဒေးရှင်းက ငွေကြေးထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်တွင် ဆိုင်ကလုန်း ဆီဒါရ် တိုက်ခတ်မှုအတွင်း ဆော်ဒီက ကန်ဒေါ်လာ သန်း ၁၀၀ ကို ပထမဆုံးလှူဒါန်းခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သံအမတ် ဂိုလမ်မိုရှီက အဆိုပါ မုန်တိုင်းဒဏ်ခံ အဆောက်အဦးများကို စစ်တကောင်း၊ ခုလ်နာ၊ ပါတူခါလီ၊ ဗိုလာ စသည့် ကမ်းရိုးတန်းမြို့များတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး စာသင်ကျောင်းများ မဒ်ရာဆာများအဖြစ် အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။

ထိုအဆောက်ဦးများမှာ မုန်တိုင်းဝင်ရောက်ပါက ပြည်သူများ ခိုလှုံရာ နေရာများအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

“ဒီအဆောက်အဦးတွေမှာ ဆိုင်ကလုန်းဒဏ်ခံရတဲ့သူတွေအတွက် လိုက်လျောညီထွေဖြစ်အောင် လိုအပ်တဲ့ကိရိယာ အပြည့်အ၀ တပ်ဆင်ထားပါတယ်၊ ဒုက္ခသည်တွေလိုအပ်မယ့် အသုံးအဆောင်တွေအားလုံးလည်း ပါဝင်ပါတယ်” ဟု မိုရှီက ပြောကြားခဲ့ပြီး အအကူညီပေးမှုအတွက် ဆော်ဒီအစိုးရအား ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

၂၀၀၇ ခုနှစ် နိုဝင်ဘာလအတွင်းက တိုက်ခတ်ခဲ့သော အဆိုပါ ဆိုက်ကလုန်း ဆီဒါရ်မှာ အဆင့် ၄ မုန်တိုင်းဖြစ်ပြီး မုန်တိုင်းနှင့်အတူ ရေကြီးမှုများလည်း ဖြစ်ခဲ့သောကြောင့် မုန်တိုင်းသင့်ဒေသများတွင် အခြေခံအဆောက်ဦးများ ဆိုးဆိုးဝါးဝါး ပျက်ဆီးခဲ့သည်။

Ref: Arabnews

Leave a Reply