News @ M-Media

မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် မလေးရှားကုမ္ပဏီ ၀င်ရောက်လုပ်ကိုင်မည်

ဇန်န၀ါရီ ၁၅၊ ၂၀၁၆
M-Media

malay

– မလေးရှားအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် edotco Group မှာ လာမည့် ၅ နှစ်အတွင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု ကြေငြာလိုက်သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကွန်ယက် ဖော်ဆောင်မှုတွင် ၀င်ရောက်လုပ်ကိုင်သွားမည်ဖြစ်ပြီး၊ ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သော Yoma Strategic Holdings နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ edotco Group မှ အမှုဆောင်အကြီးအကဲဖြစ်သူ ဆူရက်ရှ် ဆစ်ဒ်ဟူက မိမိတို့၏ အတွေ့အကြုံပြည့်ဝမှု၊ အောင်မြင်မှုများနှင့်အတူ မြန်မာနိုင်ငံ၊ မြန်မာ့စီးပွားရေးနှင့် မြန်မာပြည်သူများအတွက် မဟာဗျူဟာကျသည့် မိတ်ဖက်အဖြစ် အကောင်းဆုံး ၀န်ဆောင်မှုပေးသွားမည်ဟု ပြောကြားခဲ့သည်။

Yoma Strategic Holdings မှ အမှုဆောင်အကြီးအကဲဖြစ်သူ မယ်လ်ဗင် ပွန်ကလည်း edotco နှင့် မိမိတို့ကုမ္ပဏီမှာ မြန်မာနိုင့်၏ ဆက်သွယ်ရေး အခြေခံအဆောက်အဦးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

Axiata Group Bhd ကုမ္ပဏီ၏ လက်ခွဲလုပ်ငန်းတစ်ခုဖြစ်သည့် edotco Group မှာ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ မလေးရှားနှင့် ကမ္ဘောဒီးယားတို့တွင်လည်း ဆက်သွယ်ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိနေသည်။

Ref: The Star

Comments

Leave a Reply