ဇန်န၀ါရီ ၁၇၊ ၂၀၁၆
M-Media
– မိမိမှာ ယခင်က လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်ကဲ့သို့ ကွင်းဘေးစည်းတွင် ခုန်ပေါက်ပြေးလွှားဖူးသည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။
အောက်တိုဘာလက လီဗာပူးလ်သို့ ရောက်ရှိလာခဲ့သည့် ကလော့ပ်မှာ အသင်းကစားသည့်ပွဲများတွင် ကစားပုံ၊ ဂိုးသွင်းပုံနှင့်ပတ်သက်၍ စိတ်လှုပ်ရှားကာ ခုန်ပေါက်ပြေးလွှားမှုများကို ထင်ထင်ရှားရှား ပြုလုပ်လေ့ရှိပြီး၊ ဒိုင်လူကြီးအား စောဒကတက်မှုများလည်း ရှိသည်။ ဗန်ဂါးလ်ကမူ ၎င်း၏ ငယ်ဘ၀ ထိုကဲ့သို့ စိတ်မထိန်းချုပ်နိုင်မှုကို ဖွင့်ဟခဲ့သည်။
“ကျွန်တော် ငယ်ငယ်ကလည်း ကလော့ပ်လိုပါပဲ။ အခုတော့ ကျွန်တော် ၆၄ နှစ်ရှိနေပြီး၊ ကျွန်တော့်စိတ်ကို ပိုပြီး ထိန်းချုပ်နိုင်ပါပြီ။ အင်္ဂလန်က ဒိုင်တွေက နည်းပြတွေနဲ့ ပရိတ်သတ်တွေရဲ့ လွှမ်းမိုးမှု ခံရတယ်လို့ ကျွန်တော်မထင်ပါဘူး။ နည်းပြတိုင်းမှာတော့ သူတို့ရဲ့ ကိုယ်ပိုင်အမှတ်သညာ၊ ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်ပိုင် ဒဿနတွေ ရှိကြပါယ်။ ကျွန်တော် နည်းပြဘ၀အစတုန်းက (ကလော့ပ်လိုပဲ) လုပ်တတ်ပါတယ်။ ဒါပေမယ့် ကွင်းဘေးစည်းကနေ ပွဲအပေါ် လွှမ်းမိုးနိုင်တယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
မန်ယူနှင့် လီဗာပူးလ်မှာ ယနေ့တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
Reef: Goal
Comments