6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၈၊ ၂၀၁၆
M-Media

rich

– ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ် ၆၂ ဦးက ကမ္ဘာလူဦးရေ ထက်ဝက်ခန့်၏ ပိုင်ဆိုင်မှုပမာဏလောက် ပိုင်ဆိုင်ထားကြသည်ဟု ပရဟိတအဖွဲ့ဖြစ်သော Oxfam က ယနေ့တွင် ပြောကြားလိုက်သည်။

အလွန်အမင်းချမ်းသာသောသူများမှာ ၂၀၁၀ ခုနှစ်ကတည်းက ၄၄ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ခဲ့ရပြီး ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁.၇၆ ထရီလီယံရှိကာ ထိုပမာဏက ကမ္ဘာ့အဆင်းရဲဆုံး ပြည်သူ ၃.၅ ဘီလီယံ၏ ပိုင်ဆိုင်မှုပမာဏလောက် ရှိနေသည်။

ယူကေအခြေစိုက် Oxfam က အခွန်အနည်းငယ်သာဆောင်ရသည့် နေရာများကလည်း ထိုချမ်းသာကြွယ်ဝသူများ၏ ငွေကြေး ၇.၆ ထရီလီယံကို သိုဝှက်ထိန်းသိမ်းပေးထားပြီး အစိုးရများမှာ နှစ်စဉ် အခွန်ငွေ ကန်ဒေါ်လာ ဘီလီယံ ၁၉၀ ဆုံးရှုံးနေသည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

Oxfam သြစတေးလျရုံးခွဲမှ အမှုဆောင်အကြီးအကဲ ဟဲလင် ဇိုကီက ထိုချမ်းသာကြွယ်ဝမှုများက သင့်လျော်သည့် မျှဝေမှုရှိနေလားဟု စစ်ဆေးရန် နည်းလမ်းများလည်းမရှိဟု ပြောကြားခဲ့သည်။

“အခွန်ရှောင်လို့ရတဲ့နေရာတွေကို ဖယ်ရှားပစ်ဖို့အတွက် ကမ္ဘာ့ စီးပွားရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေထံကနေ အခွန်ဆိုင်ရာ အဓိက ပြုပြင်ပြောင်းလဲမှုလုပ်ဖို့အတွက် ကတိက၀တ်တွေ လိုအပ်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်” ဟု ဇိုကီက ဆိုသည်။ ထို့ပြင် ချမ်းသာကြွယ်ဝမှုများမှာ ဆင်းရဲသူများသို့ မရောက်သလောက် ရှိသည်ဟုလည်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

Ref : Aljazeera

Leave a Reply