6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၁၉၊ ၂၀၁၆
M-Media

ကနေဒါ

– ကနေဒါပြည်သူများအား အစ္စလာမ်နှင့်ပတ်သက်၍ အသိပညာပေးရန်အတွက် ကနေဒါမွတ်စလင်များက နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုကို စတင်လိုက်သည်ဟု သိရသည်။

မွတ်စလင်အမည်ခံ အကြမ်းဖက်သမားများကြောင့် ကနေဒါနိုင်ငံအတွင်း အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာခဲ့ပြီးနောက် လူ့အဖွဲ့အစည်းအတွင်း အဆီးအတားများ ဖယ်ရှားရေးနှင့် နားလည်မှုတိုးမြှင့်ရေးတို့ကို ရည်ရွယ်သည့် အဆိုပါလှုပ်ရှားမှုမှာ ၁ နှစ်တာ ကြာမြင့်မည်ဖြစ်သည်။

ထိုလှုပ်ရှားမှုကို Demystify Islam (အစ္စလာမ်ကို နားလည်စေခြင်း) ဟု အမည်ပေးထားသည်။

“တီဗီနဲ့ အခြားသော ရင်းမြစ်တွေမှာ မြင်ရတာတွေဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး သူတို့ကို အသိလွဲစေကာ၊ အချက်အလက်အမှားတွေကို ဖြစ်စေပါတယ်” ဟု အဆိုပါ နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုတွင် ပါဝင်သည့် ရှေ့ဆောင်အီမာမ် ခါလစ်က ပြောကြားခဲ့သည်။

လှုပ်ရှားမှုအတွင်း ကနေဒါ မွတ်စလင်လူ့အဖွဲ့အစည်းက အချိန်မရွေး ၀င်ရောက်ဆွေးနွေး လေ့လာနိုင်သည့် နေရာ ၁၃၀ ကျော်ကို နိုင်ငံတစ်ဝှမ်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်ပေါင်း ၃၅ မြို့နယ်တွင် အစ္စလာမ်နှင့်ပတ်သက်၍ သွားရောက်အသိပညာပေးမှု ၃၀၀ နီးပါးကို ဆောင်ရွက်သွားမည်ဖြစ်သည်။

လူ့အဖွဲ့အစည်းအား ငြိမ်းချမ်းသော ဆွေးနွေးမှုနှင့် အသိပညာပေးမှုတို့ ပြုလုပ်ခြင်းဖြင့် အမုန်းတရားအခြေခံ ရာဇ၀တ်မှုများ လျော့ကျသွားရန် ကနေဒါမွတ်စလင်လူ့အဖွဲ့အစည်းက မျှော်လင့်ထားသည်။

“သူတို့ကို မွတ်စလင်တွေနဲ့ ထိတွေ့ဖို့အခွင့်အရေးပေးပါ။ ကော်ဖီလေးသောက်၊ စကားစမြည်လေးပြော၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ရင်းနှီးပြီး၊ အစ္စလာမ်ဟာ ငြိမ်းချမ်းရေးသာဖြစ်တယ်ဆိုတာ နားလည်သဘောပေါက်ဖို့ပါ” ဟု လှုပ်ရှားမှု၏ မီဒီယာဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ နော်မန် ဟာဆန်က ပြောကြားခဲ့သည်။

ထို့လှုပ်ရှားမှုနှင့် ထိတွေ့ခဲ့သည့် ဂျွန်ဘောက်ချာဆိုသူက မှန်ကန်သည့်အချက်အလက်များကို သိရှိရန်အတွက် အပြည့်စုံဆုံး အခွင့်အရေးဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“သတင်းဆိုးတွေအများအပြားကို ကျွန်တော်တို့ ကြားခဲ့ရပြီး၊ တစ်ချို့လူတွေက တော်တော်လေး တုန်လှုပ်ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။ မကောင်းတာတွေကိုပဲပြောတဲ့ နိုင်ငံရေးသမားတွေလည်း ရှိပါတယ်။ ဒီကိုလာပြီး မှန်ကန်တဲ့အချက်အလက်တွေကို ရယူတာ ပိုကောင်းပါတယ်။ လူတွေရဲ့ တကယ့်ယုံကြည်မှုအစစ်အမှန်ကို ရှာဖွေကြပါ” ဟု ဘောက်ချာက ပြောကြားခဲ့သည်။

Ref: IINA

Leave a Reply