6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၂၀၊ ၂၀၁၆
M-Media

Africa

– အာဖရိကတောင်ပိုင်းမှာ အယ်နီညိုရာသီဥတုကြောင့် ယမန်နှစ်က ကောက်ပဲသီးနှံအထွက်နှုန်း ဆိုးရွားခဲ့ပြီး လူ ၁၄ သန်းလောက်ဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) က ပြောလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့ခွဲတစ်ခုဖြစ်တဲ့ WFP က တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ
အာဖရိကတောင်ပိုင်းမှာ မိုးခေါင်ရေရှားမှု ပိုဆိုးလာတဲ့အတွက် ၂၀၁၆ မှာ အစားအစာလုံလောက်စွာမရရှိတဲ့ လူတွေ ပိုများလာမယ်လို့လည်း သတိပေးထားပါတယ်။

“ပြီးခဲ့တဲ့နှစ်က မိုးနည်းမှုကြောင့် အာဖရိကတောင်ပိုင်းမှာ ငတ်မွတ်မှု အဆိုးရွားဆုံးဒဏ်ခံရတဲ့ ဒေသတွေဟာ မာလာဝီမှာ ၂.၈ သန်း၊ မာဒါဂါစကာမှာ ၁.၉ သန်းနီးပါး၊ ဇင်ဘာဘွေမှာ ၁.၅ သန်း ရှိပါတယ်။ အဲဒီဒေသတွေမှာ ယခင်နှစ်ကနဲ့ ယှဉ်လိုက်ရင် သီးနှံထွက်နှုန်း ထက်ဝက်လောက် လျော့ကျခဲ့ပါတယ်” လို့ WFP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဖရိကတောင်ပိုင်းနိုင်ငံတွေမှာ စားသောက်ကုန်ထုတ်လုပ်မှု လျော့ကျခဲ့ပြီး ၀ယ်ယူလို့လည်း မရနိုင်တဲ့အတွက် စားသောက်ကုန်ဈေးနှုန်းတွေဟာ အဆမတန် ကြီးမြင့်လာတယ်လို့ WFP က ပြောပါတယ်။

“ကောက်ပဲသီးနှံတွေ မရိတ်သိမ်းနိုင်တဲ့အတွက် တစ်နှစ်ပတ်လုံး မိသားစုဝမ်းရေး ခက်ခဲသွားမယ့် လယ်ယာအနည်းငယ်သာရှိတဲ့ လယ်သမားအတွက် စိုးရိမ်စရာပါပဲ။ ကျောင်းလခတွေနဲ့ မီးဖိုချောင်ကုန်ကျစရိတ်ကာမိဖို့ ထုတ်ရောင်းစရာတောင် မရှိလောင်အောင်ပါပဲ” လို့ WFP ရဲ့ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ အာသရင် ကာဆင်က ဇမ်ဘီးယာသို့ သွားရောက်ပြီးနောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ လီဆိုသိုဟာ ပြီးခဲ့တဲ့လက မိုးခေါင်းမှု အရေးပေါ်အခြေအနေ ကြေငြာခဲ့ရပြီး တိုင်းပြည်လူဦးရေရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ ၆၅၀၀၀၀ လောက်ဟာ စားနပ်ရိက္ခာ လုံလုံလောက်လောက် မရရှိကြဘူးလို့ ဆိုပါတယ်။

Ref: Aljazeera

Leave a Reply