လင်းယုန်နက် (ခြင်္သေ့မြို့တော်)
source:http://www.aljazeera.com/
အပျော်တမ်း ရှေးဟောင်းသုတေသန ပညာရှင် တစ်ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရပ်ဝေးရွာတစ်ရွာဖြစ်တဲ့ ရမ်ဂျာပူမှာ ၇ ရာစုက တည်ဆောက်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော် တစ်ခုရဲ့ အကြွင်းအကျန်များကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
မြေအောက်မှာ နစ်မြုပ်နေတဲ့ ကုရ်အာန်စာသားများ ထွင်းထားတဲ့ ကျောက်တုံးများလည်း တွေ့ရှိပြီး တိကျတဲ့ အချက်အလက်များ ဆက်လက်ရှာဖွေနိုင်ပါက တောင်အာရှဒေသရဲ့ အစောဆုံး တည်ဆောက်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော် တစ်ခုအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။
အရှေ့တိုင်းမှာ အစောဆုံး အစ္စလာမ် ယဉ်ကျေးမှု အမွေအနှစ်များကို ၁၂ ရာစုခန့်ကသာ စ၍ တွေ့ရှိရလေ့ရှိပြီး ပိုမိုစောစီးစွာ တည်ဆောက်ခဲ့တဲ့ ဗလီဝတ်ကျောင်းတော်များဟာ တမန်တော်မြတ်သခင် လက်ထက်မှာ တရုတ်နိုင်ငံနဲ့ အိန္ဓိယနိုင်ငံ မာလဘာဒေသတို့မှာ ဖြစ်တယ်လို့ ယူဆကြသော်လည်း ခိုင်မာတိကျတဲ့ အထောက်အထား မရှိတဲ့အတွက် ယခု ရှာဖွေတွေ့ရှိမှုဟာ အလွန်သမိုင်းဝင်မဲ့ ဖြစ်ရပ်ပါ။
Comments