6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၂၃၊ ၂၀၁၆
M-Media
မြတ်ဇော် တင်ဆက်သည်။
12576146_1672759259615520_1453868965_n
၁၂၆ သန်းသောလူဦးရေ။ ဒါဟာ နေထွက်ရာအရပ်ဆီမှာ နေထိုင်တဲ့ လူဦးရေ အရေအတွက်ပဲဖြစ်ပါတယ်။
.
ဂျပန်နိုင်ငံဟာ ရှေးအစဉ်အလာယဉ်ကျေးမှု၊ ခေတ်မီနည်းပညာတိုးတက်မှုနဲ့ အံ့မခန်းပျော်ရွှင်ဖွယ်ရာတွေအားလုံးတစ်နေရာတည်းမှာပြည့်စုံနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်
.
ဂျပန်နိုင်ငံကိုဖြတ်ပြီး ခရီးသွားခဲ့တာနဲ့အတူ ကျွန်တော်တို့ပိုသိချင်လာခဲ့မိတယ်
.
အစ္စလာမ်သာသာနာကိုပြောင်းလဲသက်ဝင်လာခဲ့ကြတဲ့ ဂျပန်လူမျိုးတွေအကြောင်း၊ နောက်သူတို့တွေဘယ်လိုနေထိုင်ကြသလဲဆိုတာ
.
တိုကျိုမြို့တော်မှာပဲ သူတို့ထဲက တစ်ချို့နဲ့တွေ့ခွင့်ရခဲ့တယ
.
ဂျပန် မွတ်စလင်များနှင့် တွေ့ဆုံခြင်း
.
ထာဝရဘုရားရှင်ထံမှငြိမ်းချမ်းခြင်းအဖြာဖြာသက်ရောက်ပါစေ (အစ္စလာမ်မို အလိုင်းကွမ်း ဝရဟ်မသုလ်လာ)
.
ကျွန်တော့်နာမည်က ကာဇူယာကီ ဆာကူရိုင်း ပါ …

ယော့ဆုတိုဂျိ ဟိရိရာဂျိ အဗ်ဒူ ရာဟ်မန် (ကရုဏထားသောဘုရားရှင်၏ ကျေးကျွန်ဟုအဓိပ္ပာယ်ရ)
.
ကျွန်တော်နာမည်က အဗ်ဒူ အယ်လ် ကရင်မ် (အတိုင်းအဆမရှိ ရက်ရောတော်မူသောဘုရားရှင်၏ ကျေးကျွန်ဟု အဓိပ္ပာယ်ရ) ၊ ရှီမိုယာမာ
.
ကျွန်တော်က ဂျပန်မွတ်စလင်တစ်ယောက်ပါ
.
ကျွန်တော်နာမည်က မိုဟမ္မဒ် ပါ …
.
ကျွန်တော်က ဂျပန်မွတ်စလင်တစ်ယောက်ပါ
.
ဂျပန်နာမည်က ယူဂျီပါ
.
အစ္စလာမ်ဘာသာကို လွန်ခဲ့တဲ့သုံးနှစ်အရင်က ပြောင်းလဲခဲ့ပါတယ်။
.
ဂျပန်နဲ့ တခြားနိုင်ငံတွေဟာ အစ္စလာမ်ဘာသာအကြောင်း မသိကြပါဘူး
.
ဂျပန်မှာ မွတ်စလင်မဟုတ်သူတွေနဲ့ ဆက်ဆံရတာတော့ ခက်ခဲပါတယ်။
.
ကျွန်တော်အခုအလုပ်လုပ်နေတာက
.
အသိမိတ်ဆွေ သူငယ်ချင်းတွေနဲ့ ပေါင်းစပ်ပြီး
.
(၁၅) နှစ် နှစ် (၂၀) လောက်ကြာအောင် အစ္စလာမ်ဘာသာထဲဝင်ရောက်လာသူတွေနဲ့

ဒါဝါ ပြုလုပ်(မွတ်စလင်မဟုတ်သူတွေကို အစ္စလာမ်သာသနာရဲ့ သတင်းစကားကို ဖြန့်ချီပြောကြားပါတယ်)
.
တခြားလုပ်စရာအလုပ်တွေနဲ့အတူ
.
ကျွန်တော်သေချာသိတာကတော့ အစ္စလာမ်သာသနာဟာ ဒီလိုအရာတွေမှာ အလွန်အမင်းအာရုံစိုက်ဖို့ပြောမထားဘူး
.
အတန်ငယ်ရှုပ်ထွေးတဲ့သင်ကြားချက်တွေ (ဥပမာ အားဖြင့် ဟဒီးစ်တော်တွေ)
.
ဒါထက် အခြေခံကျတဲ့ လိုက်နာရမဲ့ အချက်တွေကနေ အစပြုဖို့ ပြီးတော့ အဲဒါတွေကို စွဲမြဲဖို့ စပြောတယ်
.
ကျွန်တော် အစ္စလာမ်ဘာသာကို အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ ရှိနေတုံးပြောင်းခဲ့တာ
.
ကျွန်တော် ကောလိပ်ကျောင်းသားဘဝမှာပဲ မွတ်စလင်ဖြစ်လာတယ်
.
ကျွန်တော်အမေရိကန် စသွားခဲ့တုန်းက ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တယ်
.
ဒီနောက်ပိုင်း ဘာသာတရားတွေကို လေ့လာခဲ့မိတယ်။ ခရိယာန်ချာ့ခ်ျကျောင်းကို သွားတယ်၊ သမ္မာကျမ်းစာကို လေ့လာတယ်
.
နောက်တော့ ဂျူး ဘာသာတရားကိုလေ့လာတယ်။ နောက်ဆုံးမှာ အစ္စလာမ်ဘာသာကို ရောက်လာပြီး အဲ့ဒီကိုပြောင်းလဲခဲ့တာပဲ။
.
ကျွန်တော်တို့အားလုံး ဖန်ဆင်းရှင် တစ်ပါးတည်းကို ကိုးကွယ်တယ်။
.
ခရစ်တော် ယေရှုရဲ့ ဘုရားသခင်၊ မောရှေ (မိုးဇက်) ရဲ့ ဘုရားသခင်၊ တမန်တော် မိုဟမ္မဒ် ရဲ့ ဘုရားသခင်ကို ကိုးကွယ်တယ်။ (အားလုံးအပေါ်သို့ ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ)
.
တကယ်လို့ သင်ဟာ ခရစ်တော် ယေရှုကို ထာဝရဘုရားရှင်ရဲ့ တမန်တော်အဖြစ်လက်မခံဘူးဆိုရင် သင်ဟာမွတ်စလင်မဟုတ်ဘူး
.
ကျွန်တော့်မှာ စိန်ခေါ်မှု အခက်အခဲတွေရှိခဲ့တယ်။ ကျွန်တော့်မိဘတွေဟာ စစခြင်း ကြောက်လန့်သွားခဲ့တယ်။
.
သူတို့က ကျွန်တော့်ကို အကြမ်းဖက်တဲ့အစွန်းတစ်ဖက်များရောက်သွားမလားလို့။
.
ကျွန်တော်က ရှင်းပြရတယ်.. တကယ်တော့ အစ္စလာမ်သာသနာဟာ အကြမ်းဖက်ခြင်းဟူသမျှကို ဆန့်ကျင်တယ်ဆိုတာ
.
ခုတော့ သူတို့က ကျွန်တော်နဲ့ပတ်သတ်လို့ ပျော်ရွှင်နေပြီ
.
ဘာလို့လဲဆိုတော့ ကျွန်တော့်ကို ကျွန်တော်ပြောင်းလဲလိုက်တယ်။ ကျွန်တော် အရက်မသောက်တော့ဘူး
.
ညဘက်ကလပ်တွေကို သွားတာမျိုးမလုပ်တော့ဘူး၊ ကြမ်းတမ်းဆဲဆိုတဲ့ စကားမျိုးတွေမပြောတော့ဘူး။
.
ဒီမကောင်းတဲ့အကျင့်တွေအားလုံး ကျွန်တော်ဖျောက်ပစ်လိုက်တယ်
.
ကျွန်တော်အကုန်ပြည့်စုံနေပြီလို့ပြောတာတော့ မဟုတ်ဘူး။ ဒါပေမယ့် နေ့စဉ်နေ့တိုင်း မွတ်စလင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတယ်။
.
ကျွန်တော့်နာမည်က မွတ်စတဖာ (အထူးရွေးချယ်ခံရသူ ဟု အဓိပ္ပာယ်ရ)
.
အစ္စလာမ်ကို ဘာကြောင့်ပြောင်းလဲသက်ဝင်ခဲ့လဲဆိုတာလား
.
ကျွန်တော်က ခရိယာန်ဘာသာကိုးကွယ်တဲ့ မိဘတွေဆီက လာတာ
.
ခရိယာန်ကလေးထိန်းကျောင်းမှာလည်းတက်ခဲ့ဖူးတယ်
.
အထက်တန်းကျောင်းရောက်တဲ့အခါမှာတော့
.
ကျွန်တော့်အနာဂတ်အကြောင်းကို တွေးတောခဲ့မိတယ်
.
အချိန်အားလပ်တဲ့အခါတွေမှာ
.
လေ့လာစမ်းစစ်တာတွေ ကျွန်တော်လုပ်လေ့ရှိတယ်
.
ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ အကြောင်း စာအုပ်တွေဝယ်တယ်။
.
ဗုဒ္ဓဘာသာကိုတော့ တော်တော်လေးသဘောကျတယ်။ ဒါပေမယ့် ကျွန်တော်စဉ်းစားကြည့်သလောက်တော့
.
ဟိန္ဒူဘာသာက ရှုတ်ထွေးလွန်းတယ်။ ဒါနဲ့ပတ်သတ်လို့သိပ်ကောင်းကောင်းနားမလည်ဘူး
.
အစ္စလာမ်ဘာသာအကြောင်း ဖတ်ကြည့်တဲ့အခါကျတော့ ကောင်းကင်တမန် ဂါဗြေလ (ဂျီဘရာအီးလ်) အကြောင်း ဖော်ပြထားတာကို သတိထားမိသွားတယ်
.
ဒီအချက်က ကျွန်တော့်အတွက်စိတ်ဝင်စားစရာဖြစ်ခဲ့တယ်။ ဆက်ပြီးတော့ ခရိယာန်ယုံကြည်မှုနဲ့ ဘယ်လိုဆက်စပ်မှုတွေရှိသလဲဆိုတာကို ရှာဖွေခဲ့တယ်
.
လေ့လာမှုတွေ ထပ်လုပ်ခဲ့တယ်
.
လူအမျိုးမျိုးနဲ့ စကားပြောခဲ့တယ်၊ ဒါက ကျွန်တော်ဘယ်လိုမွတ်စလင်ဖြစ်လာသလဲဆိုတာပါပဲ
.
အစ္စလာမ်ဘာသာထဲကိုပြောင်းလဲလိုက်တော့
.
နောက်ဂျပန်နိုင်ငံသားတစ်ယောက်အနေနဲ့ကော အစ္စလာမ်က နည်းနည်းတော့ ကြောက်စရာလိုဖြစ်နေတယ်
.
ကိုရန် ကျမ်းစာအုပ်ကို ကျွန်တော်သွားဝယ်ခဲ့တယ်
.
ဒါပေမယ့် နောက်ကျတော့ လက်လျော့လိုက်ဖို့ တွေးခဲ့တယ်
.
ဒါပေမယ့် တစ်ရက်မှာ ကျွန်တော် ဒီဗလီကျောင်းကိုရောက်လာတယ်။ ကျကျနနဝတ်စုံ နက်ကတိုင် နဲ့ လူတွေကိုတွေ့တယ် ၊ ကျွန်တော် စိတ်အေးသွားတယ်။
.
ခေါင်းစဉ်တွေအမျိုးမျိုး ကျွန်တော်တို့ဆွေးနွေးကြတယ်
.
ဗလီကျောင်းဘက်ကို မကြာခဏဆိုသလို ရောက်ရောက်လာခဲ့တယ်။ နောက်ဆုံးမှာတော့ ကျွန်တော်ဟာ မွတ်စလင်အစစ်တစ်ယောက်ဖြစ်လာခဲ့တယ်။
.
ကျွန်တော်က ဝက်ဘ်ဆိုက် ဒီဇိုင်းဆွဲတဲ့သူပါ …
.
ကျွန်တော်က ကျိုတိုက ဒါကြောင့် ကလေးဘဝမှာ ဘုရားကျောင်းတွေအများကြီးတွေ့ခဲ့ဖူးတယ်
.
ဒီဗလီကျောင်းက ဖွင့်တာလည်း သိပ်မကြာသေးဘူး ဒီတိုင်းပြည်မှာလည်း သမိုင်းအရှည်ကြီးမရှိပေမယ့်
.
ဒီနေရာဟာ သင်နားနေပြီးတော့ နှလုံးသားထဲမှာ ငြိမ်းချမ်းမှုကို ခံစားနိုင်တဲ့ နေရာဖြစ်တယ်။
.
သတင်းမီဒီယာအများစုမှာတွေ့နေရတာကိုကြည့်ရတော့
.
အစ္စလာမ်ကို အကြမ်းဖက်မှု၊ ကြောက်လန့်ဖွယ်ရာတွေနဲ့ မကြာခဏဆိုသလို ဆက်စပ်ပြတယ်
.
အဲ့ဒါနဲ့ ပတ်သတ်လို့ ဘယ်လိုမြင်လဲ?
.
ဒါကတော့ တော်တော်ကို မကောင်းဘူးလို့ ကျွန်တော်ထင်တယ်
.
အဲ့ဒါဟာ မွတ်စလင်အစစ်တစ်ယောက်ရဲ့ တစ်ကယ့်အစစ်အမှန်ပုံရိပ်ကို ဘယ်လိုမှကိုယ်စားမပြုဘူး
.
ဒီအကြမ်းဖက်မှုတွေဟာ အစ္စလာမ့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာကျင့်ထုံးတွေနဲ့ဆက်စပ်နေတာမျိုးလား
.
ကျွန်တော်တော့ အဲ့ဒီလိုမထင်ဘူး
.
အစ္စလာမ်သာသာနာကို ပြောင်းလဲစေချင်တဲ့အကြောင်းအရင်းနဲ့တော့မဟုတ်ဘူး
.
ကျွန်တော်က လူတွေကို တကယ့်အစစ်အမှန် အစ္စလာမ်က ဘာလဲဆိုတာကိုသိစေချင်တာ
.
ကျွန်တော်တို့အတွက် အရေးအကြီးဆုံးက စုရုံးဝတ်ပြုရတဲ့ သောကြာနေ့ဓမ္မသဘင်ပဲ
.
သောကြာနေ့ဓမ္မသဘင်နဲ့ ဝတ်ပြုမှုမှာ လူအယောက် (၅ဝဝ) ကနေ (၆၀၀)ထိရှိတယ်။ လူမျိုးအစုံပဲ။
.
ကျွန်တော်တို့ ခွတ်သဗာ (တရားဟောကြားခြင်း) ကို ဘာသာသာစကား သုံးမျိုးနဲ့ဟောတယ်။ ဂျပန် ၊ အင်္ဂလိပ် နဲ့ တူရကီ ဘာသာစကားနဲ့
.
ဒါ့အပြင် သောကြာနေ့စုပေါင်းဝတ်ပြုမှုအပြီးမှာ နေ့လည်စာ စီစဉ်ပေးတယ်
.
ဘုရားရှင်ရဲ့ကျေးဇူးတော်နဲ့ တိုကျို ဗလီကြီးမှာ ဒီလိုနေ့တွေက ထူးထူးခြားခြားပဲ
.
ဒီနေရာမှာ ကျွန်တော်တို့ အဖွဲ့အစည်းလေးဟာ အတူတူနေထိုင်ကြပြီး ခွန်အားတက်စေတယ်
.
ဒီနေရာရဲ့ သမိုင်းက ၁၉၃၀ ခုနှစ်က စခဲ့တယ်
.
ဘော်လ်ရှီဗစ် တော်လှန်ရေးပြီးပြီးခြင်းမှာပဲ
.
ကာဇက်ကစ္စတန် က တူရကီအဖွဲ့အစည်းဟာ (၁၉၃၈) မှာ ဒီကို ပထမဆုံးရောက်ခဲ့တယ်။
.
သူတို့က ဒီမှာ ပထမဆုံး ဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ခဲ့တယ်။
.
ဒါပေမယ့် (၁၉၈၆) ခုနှစ်မှာ ငလျင်လှုပ်လို့ ဗလီဝတ်ကျောင်း ပျက်စီးခဲ့ရတယ်။
.
အဲ့ဒီနောက် ၁၉၉၈ ခုနှစ်မှာ
.
တူရကီ သာသနာရေးဝန်ကြီးဌာနကနေ ..
.
ဗလီအသစ်ပြန်လည်တည်ဆောက်ခြင်းကို စတင်ခဲ့ပြီး၊ (၂ဝဝဝ) ခုနှစ်မှာ အပြီးသတ်ခဲ့တယ်။
.
ဂျပန်မွတ်စလင် အရေအတွက်က (၁ဝ,ဝဝဝ) တစ်သောင်း ဝန်းကျင်လောက်ရှိတယ်
.
တခြားလူမျိုးတွေကတော့ (၁ဝဝ,ဝဝဝ) တစ်သိန်း လောက်ရှိတယ်
.
ဘယ်လိုမွတ်စလင်ပဲဖြစ်ဖြစ်
.
ကျွန်တော်တို့ဟာ တခြားသူကို ” အသင့်အပေါ် ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ ” လို့ပြောရတယ်
.
ဒါဟာ အင်မတန်ကောင်းတဲ့ နှုတ်ခွန်းဆက်စကားပဲ
.
အစ္စလာမ်မို အလိုင်းကွမ်း – အသင်ငြိမ်းချမ်းပါစေ
.
အဲ့ဒီအခါမှာ တစ်ဖက်လူက ခုလိုပြန်ဖြေတယ် … ဝါ အလိုင်းကွမ်း စလာမ် ” အသင်လည်း ငြိမ်းချမ်းပါစေ ”
.
အလ္လာဟ်အရှင်မြတ် (ထာဝရဘုရားရှင်) ရှေ့တော်မှာ ကျွန်တော်တို့ လူသားတွေဟာ အတူတူပါပဲ
.
ဘယ်လိုအသားအရောင်ပဲဖြစ်ပါစေ
.
ဘယ်လိုလူမျိုးပဲဖြစ်ပါစေ၊ ဘယ်လိုဘာသာစကားပဲပြောပါစေ
.
ကျွန်တော်တို့တွေ တစ်ယောက်ယောက်နဲ့တစ်ယောက်မတူကြဘူး ၊ ဒါပေမယ့် အလ္လာဟ်အရှင်မြတ်ရှေ့မှာတော့ ဘယ်လိုကွဲပြားမှုမှမရှိ အတူတူပဲ
.
ဒါဟာ သိပ်ကောင်းတဲ့သင်ကြားချက်ပဲ
.
ကျွန်တော့်နာမည်က ဝါဖီ ၊ အသက်က (၂၈) နှစ်
.
ကျွန်တော်က အယ်ဂါရာတ်က လာတာ၊ ဂျပန်မှာ နေတာ (၃) နှစ်ရှိပြီ
.
ဂျပန်မှာနေရတဲ့ မွတ်စလင်တစ်ယောက်အနေနဲ့တော့ တကယ်ငြိမ်းချမ်းတာပဲ၊ ဘယ်သူမှအနှောင့်အယှက်မပေးဘူ
.
လူမျိုးခွဲခြားဖိနှိပ်တာမျိုးမခံစားရဘူး၊ တခြားဘယ်လိုခွဲခြားမှုမျိုးမှလည်းမကြုံရဘူး
.
အဲ့ဒါတွေနဲ့ဆန့်ကျင်ဘက် … တစ်ချို့မွတ်စလင်တွေဟာ သူတို့အိမ်တွေမှာ ကျွန်တော်ကို ဟာလာလ် အစားအသောက်နဲ့ ညစာဖိတ်ကျွေးတယ်။
.
တစ်ချို့မိတ်ဆွေကလည်း သူတို့ဟာလာလ် စားသောက်ဆိုင်ဘယ်လိုဖွင့်ရမလဲဆိုတာနဲ့ပတ်သတ်ပြီး ကျွန်တော်ဆီ အကြံဉာဏ်လာတောင်းတယ်။
.
တခြားဂျပန်မှာရှိတဲ့ မွတ်စလင်တွေနဲ့ကော တွေ့ဆုံနိုင်မလားလို့သူတို့သိချင်တယ်၊ ကျွန်တော်ကိုလည်း သူတို့ကိုခေါ်လာဖို့ပြောတယ်
.
ဂျပန်လူမျိုးတွေ အစ္စလာမ်ဘာသာကိုပြောင်းလဲတာမျိုးကကော တိုးတက်နေသလား?
.
တိုးတက်နေတယ်
.
လတိုင်း လတိုင်း တစ်ယောက်စ နှစ်ယောက်စ ကျွန်တော်တွေ့မိတယ်
.
ဒီရက်သတ္တပတ်ပိုင်း လပိုင်းက အစ္စလာမ်ဘာသာကို ပြောင်းလဲလာတဲ့သူတွေကို
.
ရိုးရိုးသားသားပြောရရင် ဂျပန်ပြည်မှာ အစ္စလာမ် ဆိုတဲ့ အနှစ်သာရကိုတွေ့ရတယ်
.
ဂျပန်ကတော့ မွတ်စလင်တိုင်းပြည်မဟုတ်ဘူးပေါ့
.
ဒါပေမယ့် တခြားတိုင်းပြည်တွေမှာဆိုရင်တော့ ကျွန်တော်တို့ဟာ မွတ်စလင်တွေပေါ့ … ဒါပေမယ့် အစ္စလာမ် (အစ္စလာမ့်အနှစ်သာရ)ကို မတွေ့ရဘူး
.
ကျွန်တော်တို့ဟာ ဒီခရီးစဉ်လေးမှာ ဟက်ဟက်ပက်ပက် ဖော်ရွေပြုံးရွှင်တဲ့ လူတွေနဲ့တွေ့ခဲ့ရတယ်
.
နေကောင်းရဲ့လား …. ကျွန်တော်နာမည်က ခေဂျိ ပါ
.
ဘယ်လိုလဲ
.
ပျော်ရွှင်ဖွယ်ရာခရီးစဉ်ဖြစ်ပါစေ
.
ကျွန်တော်တို့ဟာ ဂျပန်ပြည်မှာရှိတဲ့ အစ္စလာမ့်အခြေအနေကို အနည်းငယ် သိနားလည်ခဲ့ရတယ်
.
ကျွန်တော်တို့ ဂျပန်လူမျိုးတွေရဲ့ တခြားလူ့အဖွဲ့အစည်းတွေအပေါ် သဘောထားကြီးမှုကို လေးစားဖွယ်ရာတွေ့ခဲ့ရတယ်

——————-
ယနေ့ခေတ်မီဒီယာတွေနဲ့ အစ္စလာမ်ဘာသာအပေါ်သဘောထားမကြည်လင်တဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီဟာ ဘက်ပေါင်းစုံက အစ္စလာမ်သာသနာနဲ့ပတ်သတ်လို့ အကြမ်းဖက်ဝါဒဖြစ်ကြောင်း တစ်ဖက်သတ်ဝါဒဖြန့်လေ့ကြပါတယ်။ အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာဝင်များကြားမှာ အစ္စလာမ်ဘာသာဝင်တွေအားလုံးဟာ အသားအညို၊အမဲရောင်ရှိတဲ့ မဇ္ဈိမတိုင်း အိန္ဒိယတိုင်းသားများသာကိုးကွယ်တဲ့ဘာသာလို့မှတ်ထင်ကြပြီး အစ္စလာမ်ဘာသာကိုးကွယ်သူတိုင်းကို ကုလားဟု လွဲမှားစွာနှိမ့်ချခေါ်ဆိုကြပါတယ်။အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ဗမာ၊ နှင့် အခြားကမ္ဘာ့လူမျိုးအဖုံဖုံမှ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်သူများကို တွေ့မြင်ရသောအခါ အံ့သြစရာ မယုံကြည်နိုင်ဖွယ်ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ အစ္စလာမ်ဘာသာသာဟာ ကုလားဟုခေါ်ဆိုကြသည့် အိန္ဒိယတိုက်သားတွေဆီက အရင်းမူလအစပြုခဲ့တာမဟုတ်ဘဲ အရှေ့အလယ်ပိုင်း အာရေးဗီးယားကျွန်းဆွယ်က အာရဗ်အမျိုးသားတွေဆီက အစပြုခဲ့တာသာဖြစ်ပါတယ်။အစ္စလာမ်သာသနာဟာ ပွင့်ပေါ်ပြီးခဲ့တဲ့ ရှေးတမန်တော်အဆက်ဆက် အေဘရာဟင်၊ မောရှေ၊ ယေရှု(အီစာ) နဲ့ ကမ္ဘာ့အခြားသောအရပ်တွေမှာပွင့်ပေါ်ခဲ့တဲ့ တမန်တော်တွေ (အားလုံးအပေါ်ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ကိုအသိအမှတ်ပြုထပ်ဆင့်ထောက်ခံတဲ့သာသနာဖြစ်တာကြောင့် ဘာသာတရားတွေရဲ့ အဦးဆုံးသာသနာဆိုလည်မမှားပါဘူး။ အစ္စလာမ်ဟာ အာရဗ်လူမျိုးများအတွက် သီးသန့်မဟုတ်ဘဲ ကမ္ဘာ့လူမျိုးနွယ်အားလုံးအတွက်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ အနောက်တိုင်းနဲ့ အထူးသဖြင့် အာရှဘက်ကို အစ္စလာမ်သာသနာ ပျံ့နှံ့ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာအစ္စလာမ်ဘာသာဝင်အများဆုံး အာရှနိုင်ငံဖြစ်ပါတယ်။ တရုတ်ပြည်ကြီးမှာ အစ္စလာမ်သာသနာဝင်အရေအတွက်ဟာ ဂရုပြုအလေးထားရအောင်ရှိပြီး အခြားအာရှအပါအဝင် ကမ္ဘာ့နိုင်ငံနဲ့ လူမျိုးအသီးသီးမှာ အစ္စလာမ်သာသနာကို လက်ခံသူတွေဟာ သိန်းသန်းမကရှိနေပါတယ်။အရေအတွက်အားဖြင့်လည်း ခရိယာန်ဘာသာပြီးရင် ဒုတိယအရေအတွက်အများဆုံးဘာသာကြီးဖြစ်ပါတယ်။ ယခုဘာသာပြန်ဖော်ပြပေးလိုက်တဲ့ ” ဂျပန်မွတ်စလင်များနှင့် တွေ့ဆုံခြင်း” မှတ်တမ်းတိုလေးအရ အစ္စလာမ်သာသနာဟာ ငြိမ်းချမ်းတဲ့ဘာသာဖြစ်ကြောင်း၊ တွေးခေါ်မှုကိုအားပေးကြောင်း နဲ့ မှားယွင်းစွာဝါဒဖြန့်မှုတွေကြားမှာပဲ လေ့လာဆန်းစစ်မိသူတွေဟာ အစ္စလာမ်သာသာနာဘက်ပြောင်းလဲသက်ဝင်လာတာမျိုးတွေရှိနေပြီး ပြောင်းလဲလာသူတွေရဲ့ စိတ်နှလုံးကိုကိုကောင်းမွန်ရာကိုပြောင်းလဲပေးနိုင်တဲ့ ရှင်သန်တိုးတက်နေတဲ့ဘာသာ သာသနာတစ်ခုဖြစ်ကြောင်းကိုဖော်ပြနေပါတယ်။

ဆက်စပ် ဆောင်းပါးများ ဖတ်လိုလျှင်
————————–
အစ္စလာမ်နှင့် ဆက်ဆံ ရင်းနှီးမှု တိုးတက်စေခြင်း
http://www.m-mediagroup.com/news/16022

ဂျပန်၊ ကိုးရီးယားနှင့် စင်္ကာပူတွင် မွတ်စလင်မ် များအား ထိန်းချုပ် ကွပ်မျက်ပုံ
http://www.m-mediagroup.com/news/16312
.
အစ္စလာမ့်ပြပွဲ တစ်ခုကို ဂျပန်နိုင်ငံတွင် ပထမဆုံး အကြိမ် ပြုလုပ်
http://www.m-mediagroup.com/news/28684
ဟလာလ် စားသောက်ဆိုင် ရှာဖွေရန် နှင့် အစားအသောက် ဝယ်ယူနိုင်သည့် Mobile App ဂျပန်တွင်ဖြန့်ချီ
http://www.m-mediagroup.com/news/28087
.
ဂျပန်တွင် မွတ်စလင် ကျောင်းသားများအတွက် ဟာလာလ် အစားအသောက် စီစဉ်ပေးသည့် တက္ကသိုလ် ၁၉ ခုရှိလာ
http://www.m-mediagroup.com/news/23572
.
မွတ်စ်လင် ခရီးသွားတို့အား နွေးထွေးမှုဖြင့် ကြိုဆိုနေသည့် ဂျပန်လေဆိပ်များ
http://www.m-mediagroup.com/news/22259
.
ဂျပန်နိုင်ငံ နှင့် အစ္စလာမ် သာသနာ
http://www.m-mediagroup.com/news/11818
http://www.m-mediagroup.com/news/4167
.
အစ္စလာမ်အပေါ် တစ်ဖက်သတ် ရွံ ကြောက်ရောဂါအား အောင်မြင် ကျော်လွှားရန် ဂျပန်မှပေးသော သင်ခန်းစာ
http://www.m-mediagroup.com/news/33498
.
ဂျပန်နိုင်ငံမှာ ခိုင်မာ တိုးတက်လာတဲ့ အစ္စလာမ်သာသနာ
http://www.m-mediagroup.com/news/34679
.
(၂၀၂၀)တွင် မွတ်စ်လင်မ် ခရီးသွားဧည့်သည် သန်းဂဏန်းထိ ၀င်ရောက်မည်ဟု ဂျပန်ခန့်မှန်း
http://www.m-mediagroup.com/news/30492
.
ဆူမိုနပန်းသမား Abdelrahman Ahmed Shalan : မွတ်စလင် လူနည်းစု တိုင်းပြည်များတွင် ဖောက်ထွက် အောင်မြင် ခဲ့သူများ အပိုင်း(၄)
http://www.m-mediagroup.com/news/32923
.
မွတ်စ်လင်မ် ကမ္ဘာလှည့် ခရီးသွားများအား ဂျပန်မှ အာရုံစိုက် အလေးထားလာ
http://www.m-mediagroup.com/news/20242

Leave a Reply