ဇန်န၀ါရီ ၂၈၊ ၂၀၁၆
M-Media
– ယူအေအီးရဲ့ အကြီးဆုံး အစ္စလာမ့်ဘဏ်တစ်ခုဖြစ်တဲ့ ဒူဘိုင်းအစ္စလာမ့်မစ်ဘဏ် (DIB) ဟာ ၂၀၁၅ ခုနှစ် တတိယ ၃ လပတ်အတွင်း အသားတင်အမြတ်ငွေ ၆၂.၈ ရာခိုင်နှုန်း တိုးလာတယ်လို့ ယမန်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာ ၃၁ ရက်ထိ နောက်ဆုံးသုံးလအတွင်း ဒီရ်ဟမ် ၁.၁၅ ဘီလီယံ မြတ်စွန်းခဲ့တာဖြစ်ပြီး ၂၀၁၄ စတုတ္ထ ၃ လပတ်မှာတော့ အမြတ်ငွေ ဒီရ်ဟမ် ၇၀၆.၃ သန်း ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် စတုတ္ထလေးလပတ်အတွက် အမြတ်ငွေခန့်မှန်းမှုဟာ ဒီရ်ဟမ် ၉၁၅ သန်းသာရှိခဲ့ပေမယ့် တကယ်တန်း ထွက်လာတဲ့ အမြတ်ငွေကတော့ ဒီထက်ပိုပြီး များပြားနေခဲ့တာပါ။
တစ်နှစ်တာ အသားတင်အမြတ်ငွေဟာ ၂၀၁၅ ခုနှစ်မှာ ဒီရ်ဟမ် ၃.၈၄ ဘီလီယံ ရှိခဲ့ပြီး မနှစ်ကထက်ယှဉ်ရင် ၃၇ ရာခိုင်နှုန်း တက်လာတာ ဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ အတည်ပြုချက်အရ ဘဏ်ရဲ့ ဘုတ်အဖွဲ့ဟာ ရှယ်ယာရှင်တွေကိုလည်း ပြီးခဲ့တဲ့နှစ်ကထက် အမြတ်ငွေ ပိုမိုခွဲဝေပေးခဲ့ပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.