ဇန်န၀ါရီ ၃၀၊ ၂၀၁၆
M-Media
– FA ဖလားပြိုင်ပွဲ၌ ချန်ပီယံရှစ်အသင်းများနှင့် တွေ့ဆုံရာတွင် လူငယ်ကစားသမားဖြင့် ကျော်ဖြတ်နိုင်သည်ဟူသော အယူအဆကို ပရီးမီးယားလိဂ်အသင်းများက စွန့်လွှတ်ရတော့မည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
အာဆင်နယ်မှာ စနေနေ့တွင် ချန်ပီယံရှစ်ကလပ် ဘန်လေနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ၀င်းဂါးကမူ မိမိမှာ အတွေ့အကြုံရှိကစားသမားများကို ထည့်သွင်းအသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် FA ဖလားရရှိထားသည့် အာဆင်နယ်မှာ FA ဖလားနှင့် လိဂ်ဖလားပြိုင်ပွဲများတွင် လူငယ်များကိုသာ အဓိကအသုံးပြုခဲ့သော်လည်း ယခုတွင်မူ ၀င်းဂါးက ၎င်း၏ အယူအဆကို ပြောင်းလဲခဲ့သည်။
“တော်တော်လေး တောင့်တင်းတဲ့အသင်းနဲ့ ကျွန်တော် ယှဉ်ပြိုင်မှာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ချယ်ဆီးကို ရှုံးနိမ့်ခဲ့တာကြောင့် ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှု မကျဆင်းသွားဖို့ အရေးကြီးပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ တစ်ခု သင်ယူခဲ့ရပါတယ်။ ဒါကတော့ လိဂ်ဖလားမှာ ရှက်ဖီးလ်ဝင်းစ်ဒေးနဲ့ ကစားပြီး ပက်ပက်စက်စက် ရှုံးနိမ့်ခဲ့တာပါ။ အဲဒီကနေ ကျွန်တော်တို့ သန်ခန်းစာရခဲ့တယ်ဆိုတာ ပြသရပါမယ်။ ဒုတိယတစ်ခုကတော့ FA ဖလားမှာ ကျွန်တော်တို့ အမှားမခံချင်တာပါပဲ။ အိမ်ကွင်းမှာ ချန်ပီယံရှစ်အသင်းနဲ့ ကစားရတဲ့အခါ အခွင့်အရေးကို လက်လွှတ်မခံချင်ပါဘူး။ ချ န်ပီယံရှစ်အသင်းတွေကို လူငယ်တွေသုံးပြီး ကြက်ကန်းတိုး အနိုင်ရဖို့ မရှိတော့ပါဘူး။ ဒါပါပဲ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
Ref: Goal
Comments