ဇန်န၀ါရီ ၃၀၊ ၂၀၁၆
M-Media
– ဆီးရီးယားရှိ IS အကြမ်းဖက်အဖွဲ့အား အမေရိကန်ဦးဆောင်သည့် မဟာမိတ်များက ဗုံးကြဲမှုအတွင်း နယ်သာလန်နိုင်ငံလည်း ပါဝင်လာခဲ့သည်ဟု သိရသည်။
နယ်သာလန်မှ F16 တိုက်လေယာဉ် လေးစင်းကို ဂျော်ဒန်နိုင်ငံတွင် ချထားလိုက်ပြီး ဇူလိုင်လ ၁ ရက်နေ့အထိ လေ့ကျင့်မှုအပါအ၀င် စစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်သွားမည်ဟု ဒက်ခ်ျဝန်ကြီးချုပ် မာ့ခ် ရူတီက ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ဆီးရီးယားရှိ IS ပစ်မှတ်များကို တိုက်ခိုက်ရာတွင် နယ်သာလန်တိုက်လေယာဉ်များ ပါဝင်မည်ဖြစ်သော်လည်း အီရတ်ရှိ ပစ်မှတ်များအား တိုက်ခိုက်မှုတွင် ပါဝင်မည်မဟုတ်ပေ။ IS အဖွဲ့က ပဲရစ်တွင် လူပေါင်း ၁၃၀ သေဆုံးခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ဆီးရီးယားနှင့် အီရတ်ရှိ ၎င်းတို့အဖွဲ့၏ ပစ်မှတ်များကို ဗုံးကြဲရာတွင် ပြင်သစ်နှင့် ဗြိတိန်တို့ ပါဝင်လာခဲ့သည်။
Ref: Aljazeera
Comments