6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၃၀၊ ၂၀၁၆
M-Media

Austria

– လက်ယာစွန်းရောက်ပါတီက ဦးဆောင်ပြုလုပ်သည့် အခမ်းအနားတစ်ခုအား ဆန့်ကျင်သည့်အနေဖြင့် ထောင်ပေါင်းများစွာသော သြစတြီးယားပြည်သူများမှာ မြို့တော် ဗီယင်နာတွင် ယမန်နေ့ညပိုင်းက စုရုံးခဲ့ကြပြီး ဒုက္ခသည်များ ၀င်ရောက်မှုကို ထောက်ခံသည့် ကြွေးကျော်သံများကိုလည်း ကြွေးကျော်ခဲ့ကြသည်။

အမျိုးသားရေးဝါဒီများ စုရုံးသည့်အခမ်းအနားဖြစ်သော Academics’ ball ကို ပြည်သူများက ဆန့်ကျင်ကြခြင်းဖြစ်ပြီး ထိုအခမ်းအနားကို အမျိုးသားရေးအစွန်းရောက် သြစတြီးယားလွတ်မြောက်ရေးပါတီ FPO က ဦးစီးကျင်းပခြင်းဖြစ်သည်။

ယမန်နေ့ညနေ ၅ နာရီက စတင်ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုကို Offensive against the Right အဖွဲ့က ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ကနဦးပိုင်းက လူပေါင်း ၃၀၀၀ ခန့်သာ ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် ၅၀၀၀ ခန့်ရောက်ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဆန္ဒပြပွဲအား စီစဉ်သူများကမူ လူပေါင်း ၈ ထောင်ခန့် ပါဝင်သည်ဟု ဆိုသည်။

ဆန္ဒပြသူများမှာ ဗီယင်နာတက္ကသိုလ်မှ Museumsplatz ရင်ပြင်သို့ ချီတက်ခဲ့ကြသည်။ အဆိုပါ ရင်ပြင်မှာ Academics’ ball အခမ်းအနားပြုလုပ်သည့် Hoffurg နန်းတော်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ရဲတပ်ဖွဲ့ကမူ အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး နန်းတော်တစ်ဝိုက်တွင် အမြင့်ဆုံးလုံခြုံရေးဇုန် သတ်မှတ်ခဲ့သည်။

ဆန္ဒပြပြည်သူများမှာ “ဒုက္ခသည်များကို ကြိုဆိုသည်” “PFO ထွက်သွား” “ဒုက္ခသည်များ နေရမည်” စသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကာ၊ ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။ ထို့ပြင် မျက်နှာများကို အုပ်ထားသည့် ဆန္ဒပြသူ ၃၅ ဦးခန့်မှာ “ဗီယင်နာက ကြံ့ခိုင်နေသည်။ နာဇီများကို ရပ်တန့်ရမည်။ အခုမဟုတ် ဘယ်တော့မှလက်မခံ” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။

ဆန္ဒပြမှုကို စီစဉ်သူများကမူ မိန့်ခွန်းပြောကြားခဲ့ကြပြီး နှစ်စဉ်ပြုလုပ်နေကြဖြစ်သည့် Academics’ ball အခမ်းအနားကို ဖျက်သိမ်းပစ်ရန် တောင်းဆိုခဲ့သည်။ Academics’ ball အခမ်းအနားကို သြစတြီးယား လက်ယာစွန်းရောက်ပါတီ FPO က ၂၀၁၃ ခုနှစ်ကတည်းက ဦးစီးကျင်းပခြင်ြးဖစ်ပြီး ဥရောပမှ အခြားသော လက်ယာစွန်းရောက်ပါတီများနှင့် ဆက်သွယ်မှုများလည်း ရှိနေသည်။

Ref: RT

Tags:

Leave a Reply