ဇန်န၀ါရီ ၃၁၊ ၂၀၁၆
M-Media
– ယမန်နေ့က အက်သလက်တီကိုနှင့် ကစားခဲ့သည့်ပွဲတွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ၁ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၎င်းနှင့် ရော်နယ်ဒိုတို့ နှစ်ဦး၏ စုစုပေါင်း သွင်းဂိုးမှာ ၁၀၀၀ အထိ ရောက်ရှိခဲ့သည်ဟု သိရသည်။
ထိုပွဲတွင် မက်ဆီမှာ အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့ကာ ထိုဂိုးမှာ ဘာစီလိုနာအတွက် ၎င်း၏ ၄၃၃ ဂိုးမြောက်ဖြစ်ပြီး နိုင်ငံအသင်းအတွက် သွင်းယူခဲ့သည့်ဂိုးများကိုပါ ထည့်သွင်းတွက်ချက်ပါက ၄၈၂ ဂိုး ရှိခဲ့ပြီဖြစ်သည်။ ရော်နယ်ဒိုကမူ စပို့တင်းလစ္စဘွန်း၊ မန်ယူနှင့် ရီးယဲလ်တို့တွင် စုစုပေါင်း သွင်းယူခဲ့သည့် ဂိုးပေါင်း ၄၆၃ ဂိုးရှိပြီး နိုင်ငံအသင်းအတွက် ၅၅ ဂိုး သွင်းယူပေးထားသောကြောင့် စုစုပေါင်း ၅၁၈ ဂိုး ရှိသည်။
ထို့ကြောင့် ၎င်းတို့နှစ်ဦးပေါင်းဂိုးများကို စုပေါင်းတွက်ချက်ပါက ဂိုးပေါင်း ၁၀၀၀ ပြည့်မြောက်သွားပြီဖြစ်သည်။ ကမ္ဘာ့ဘောလုံးလောကတွင် ပြိုင်ဘက်များဖြစ်သည့် ၎င်းတို့နှစ်ဦးကြားတွင် သွင်းဂိုးအရေအတွက်၌ ရော်နယ်ဒိုက သာလွန်သော်လည်း ကလပ်အသင်းနှင့် ဆုဖလားရရှိမှုတွင်မူ မက်ဆီက ပိုမိုသာလွန်နေသည်။
မက်ဆီမှာ ယခုလအစောပိုင်းကလည်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ၅ ကြိမ်မြောက် ရရှိခဲ့ပြီး ရော်နယ်ဒိုကမူ ၃ ကြိမ်သာ ရရှိထားသည်။
Ref: ESPNfc
Comments