6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၊ ၂၀၁၆
M-Media

malala

– ကြာသာပတေးနေ့တွင် ပြုလုပ်မည့် နိုင်ငံတကာညီလာခံတစ်ခုတွင် ဆီးရီးယားမှ ဒုက္ခသည်ကလေးငယ်များ ပညာရေးအတွက် ကန်ဒေါ်လာ ၁.၄ ဘီလီယံ ရှာဖွေရန် ကြိုးပမ်းသွားမည်ဟု ပါကစ္စတန်မှ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာလာလာယူစွဖ်ဇိုင်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

Supporting Syria and the region ခေါင်းစဉ်ဖြင့် လန်ဒန်တွင်ပြုလုပ်မည့် အဆိုပါ ညီလာခံတွင် ကမ္ဘာ့နိုင်ငံများမှ အစိုးရအကြီးအကဲများ၊ ၀န်ကြီးများ တက်ရောက်ကြမည်ဖြစ်ပြီး ဆီးရီးယားစစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများကို ဖြေရှင်းရန်အတွက် ရန်ပုံငွေများကို ရှာဖွေမည်ဖြစ်သည်။

ဂျော်ဒန်၊ လက်ဘနွန်နှင့် အခြားသော အရှေ့အလယ်ပိုင်းနိုင်ငံများရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည့် ဆီးရီးယားဒုက္ခသည်ကလေးငယ် အရေအတွက် ၇ သိန်းခန့် ရှိနေပြီး ထိုကလေးငယ်များမှာ ပညာရေးမရရှိဟု မာလာလာရန်ပုံငွေ (Malala Fund) အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။ အဆိုပါရန်ပုံငွေအဖွဲ့မှာ ကလေးငယ်များ ပညာရေးအတွက် လှုပ်ရှားမှုများနှင့် ရန်ပုံငွေရရှိရေးကို ဆောင်ရွက်နေသည်။

“ဆီးရီးယားဒုက္ခသည် ကလေးငယ်တော်တော်များများနဲ့ ကျွန်မ တွေ့ဆုံဖူးပါတယ်။ သူတို့လေးတွေကို ကျွန်မစိတ်ထဲကနေ ဖျောက်လို့မရဘူး။ သူတို့ကို မေ့လည်းမမေ့နိုင်ဘူး။ သူတို့လေးတွေရဲ့ဘ၀တစ်လျှောက်လုံးမှာ ပညာသင်ကြားခွင့် လုံးဝ မရတော့ဘူးဆိုတဲ့အတွေးက ကျွန်မကို တုန်လှုပ်စေပါတယ်။ ကျွန်မ လက်မခံနိုင်ပါဘူး” ဟု Reuters မှ ဖုန်းဖြင့်ပြုလုပ်သည့် အင်တာဗျူးတွင် မာလာလာက ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့မှာ အဆိုပါ ကလေးငယ်များအား ကူညီနိုင်ကြောင်း၊ ကာကွယ်နိုင်ကြောင်း၊ ၎င်းတို့မှာ လုံးဝ မဆုံးရှုံးသေးကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။

“သူတို့ စာသင်ကျောင်းတွေလိုတယ်။ စာအုပ်တွေလိုတယ်။ ဆရာတွေလိုပါတယ်။ ဒီနည်းလမ်းနဲ့ပဲ ဆီးရီးယားရဲ့ အနာဂတ်ကို ကာကွယ်နိုင်မှာပါ”

အမျိုးသမီးများ ပညာသင်ကြားခွင့်ရရေး ဆောင်ရွက်မှုကြောင့် ၂၀၁၂ ခုနှစ်က ကျောင်းကားပေါ်တွင် တာလီဘန်တို့၏ သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံမှုကို ခံခဲ့ရပြီးနောက် မာလာလာမှာ ကမ္ဘာ့စင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး အမျိုးသမီးများနှင့် ကလေးငယ်များ၏ ပညာရေးအတွက် စွမ်းစွမ်း တမံဆောင်ရွက်မှုကြောင့် ၂၀၁၄ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့သည်။

လက်ရှိအချိန်တွင် အသက် ၁၈ နှစ်အရွယ် မာလာလာမှာ လန်ဒန်တွင်နေထိုင်ကာ ဆီးရီးယားဒုက္ခသည် ကလေးငယ်များ၏ ပညာရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်နေသည်။

Ref: NBC

Leave a Reply