6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၇၊ ၂၀၁၆
M-Media

morinho 3

– အနာဂတ်နှင့်ပတ်သက်၍ ကောလဟာလအများအပြား ထွက်ပေါ်နေမှုများကို ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက ချေဖျက်လိုက်ပြီး မိမိအနေဖြင့် မကြာမီ ဘောလုံးလောကထဲသို့ ပြန်လည်ဝင်ရောက်လာမည်ဟု ပြောကြားလိုက်သည်။

ယမန်နေ့က GQ နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် မော်ရင်ဟိုက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မိမိ၏ ၀ါသနာပါရာ နယ်ပယ်တွင် ရှိမနေသောကြောင့် လက်ရှိအခြေအနေကို အပြည့်အ၀ မကျေနပ်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါအင်တာဗျူးမှာ ချယ်ဆီးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ပထမဆုံးပြုလုပ်သည့် အင်တာဗျူးလည်းဖြစ်သည်။

အကျဘက်ရောက်နေသည့် လက်ရှိအခြေအနေကို နှစ်သက်သလားဟု မေးမြန်းရာ မော်ရင်ဟိုက “နိုး၊ ကျွန်တော် မနှစ်သက်ပါဘူး။ တစ်ချိန်တည်းမှာပဲ နေတတ်အောင်၊ ကျေနပ်အောင် နေရမှာပေါ့လေ။ ကျွန်တော့်မှာ မိသားစုရှိတယ်။ မိတ်ဆွေတွေရှိတယ်။ သာယာတဲ့ဘ၀လည်း ရှိပါတယ်။ အဲဒီဘ၀ကို ကျွန်တော်ကြိုက်တယ်။ ပြီးတော့ ကျွန်တော့်မှာ ဘောလုံးဘ၀လည်းရှိပါတယ်။ ကျွန်တော့်မှာ အားလုံးအတူရှိနေပြီး တစ်ခုမှ စွန့်လွှတ်စရာ မလိုပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

မော်ရင်ဟိုမှာ မန်ယူသို့ ရောက်ရှိတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး ထိုကိစ္စနှင့်ပတ်သက်၍ ၎င်းက မည်သည့်မှတ်ချက်မှ မပေးသော်လည်း ဘောလုံးလောကသို့ မကြာမီပြန်လာမည်ဟု အတည်ပြု ပြောကြားခဲ့သည်။

“အပြည့်အ၀ ပျော်ရွှင်ဖို့ဆိုရင်တော့ ကျွန်တော် အားလုံးလိုအပ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် ဘောလုံးလောကကို ပြန်သွားမှာပါ။ ဒါဟာ ကျွန်တော့်ရဲ့ ပင်ကိုအကျင့်ပါပဲ။ ကျွန်တော် လူမှန်းသိတတ်စကတည်းက ဘောလုံးလောကထဲ ၀င်တာပါ။ ၂၀၀၀ ခုနှစ်လောက်ကတည်းက နည်းပြလုပ်ခဲ့တယ်။ ၂၀၀၇ ခုနှစ် ချယ်ဆီးကနေထွက်ပြီးနောက်ပိုင်း လအနည်းငယ်နားခဲ့တယ်။ အခုအချိန်ကတော့ ၁၅ နှစ်၊ ၁၆ နှစ်လောက်အတွင်းမှာ ဒုတိယအကြိမ် အနားယူတာပါ။ ဒါပေမယ့် သေချာတာကတော့ ကျွန်တော် မကြာခင်ပြန်လာမှာပါ”

Ref: Goal

Leave a Reply