ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
M-Media
– မိမိမှာ ရာသီကုန်တွင် မန်ယူနည်းပြ ဗန်ဂါးလ်၏ နေရာကို အစားဝင်မည်ဖြစ်ကြောင်း မော်ရင်ဟိုက ၎င်း၏ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များအား ပြောကြားခဲ့သည်ဟု ဗြိတိန်သတင်းစာများ ယနေ့တွင် ဖော်ပြခဲ့ကြသည်။
အိုးထရက်ဖို့ဒ်တွင် မိမိဝင်ရောက်လုပ်ကိုင်ရမည်မှာ သဘောတူညီပြီးသား ကိစ္စဖြစ်သည်ဟု အသက် ၅၃ နှစ်အရွယ်ရှိ မော်ရင်ဟိုက ပြောကြားခဲ့ကြောင်း ၎င်းနှင့် နီးစပ်သည့် အမည်မဖော်လိုသော ရင်းမြစ်တစ်ခု၏ ပြောကြားမှုကို ကိုးကား၍ Daily Mail၊ Daily Star၊ Daily Mirror နှင့် Daily Telegraph စသည့် အင်္ဂလိပ်သတင်းစာများက ဖော်ပြခဲ့ကြခြင်းဖြစ်သည်။
ဒီဇင်ဘာလက ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် မော်ရင်ဟိုမှာ မန်ယူနည်းပြဖြစ်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး၊ ပြီးခဲ့သည့်တစ်ပတ်က အင်တာဗျူးတွင်လည်း မော်ရင်ဟိုက မကြာမီ အင်္ဂလန်တွင် နည်းပြအဖြစ် ပြန်လည် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
ဗန်ဂါးလ်ကမူ မန်ယူနှင့် မော်ရင်ဟိုတို့အကြား ဆွေးနွေးနေသည်ဆိုသော သတင်းများမှာ မီဒီယာများ၏ ဖန်တီးမှုဖြစ်သည်ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.