ဖေဖော်ဝါရီ ၁၂ ၊ ၂၀၁၆
M-Media
စိုင်းအောင်ထက် ပေးပို့သည်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)၌ လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ (RCSS/SSA) ၏ ရှမ်းပြည်အရှေ့ပိုင်း ဆက်ဆံရေး ရုံးခန်းသစ် ဖွင့်ပွဲ နှင့် လူမျိုး ဘာသာပေါင်းစုံမှ အလှူရှင်များအား ဂုဏ်ပြု တည်ခင်းဧည့်ခံခြင်း အခမ်းအနားတရပ်ကို ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၀၅၀၀ နာရီက ကျိုင်းတုံမြို့ စိတ်တိုင်းကြ စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင်များ ၊ ဒေသခံ အစ္စလာမ်ဘာသာဝင် ၊ခရစ်ယာန် ဘာသာဝင် အစရှိသည့် ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်နှင့် ဖိတ်ကြားထားသည့် အထူး ဧည့်သည်တော်များ၊ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားတွင် (RCSS/SSA)မှ ဒု-ဗိုလ်မှူးကြီး စဝ်ကျိုးမိုန်းက ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ အချင်းချင်း စည်းလုံး ညီညွှတ်စွာ တိုင်ပင်ဖို့ လိုကြောင်း၊ ဘာသာကွဲ၊ လူမျိုးကွဲ? ကပြား အစွဲမထားဘဲ တမြေထဲနေ တရေထဲသောက် ညီရင်း အကို မောင်ရင်းနှမတွေ အဖြစ်သဘောထားဖို့ လိုအပ်ကြောင်း၊ထိုသို့မဟုတ်ပါက လိုရာပန်းတိုင်သို့ ရောက်ရှိနိုင်တော့မည်မဟုတ်ကြောင်း အခုလို အခမ်းအနားကို တက်ရောက်လာတဲ့ အတွက် အလှူရှင်အားလုံးကို အထူး ကျေးဇူးတင်ရှိကြောင်း အသက်ရှည်၊ ကျန်းမာ အနာမဲ့စေရေး ဆုတောင်းပဌာနာပြုပါကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီနောက် အခမ်းအနားကို တက်ရောက်လာသူများ စားသောက်ဖွယ်ရာများနှင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
Comments