6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
M-Media

syria

– ဆီးရီးယားနိုင်ရှိ ဆေးရုံ ၂ ရုံနှင့် စာသင်ကျောင်းတစ်ခုမှာ လေကြောင်းမှ ဒုံးကျည်ဖြင့် ယမန်နေ့က သီးခြားဆီ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံး လူ ၂၃ ဦးသေဆုံးခဲ့ကာ အဆိုပါ တိုက်ခိုက်မှုမှာ ရုပ်ရှားမှမှုပြုလုပ်သည်ဟု ယုံကြည်ကြသည်။

နိုင်ငံမြောက်ပိုင်း အဲလစ်ပိုပြည်နယ်ရှိ အက်ဇက်မြို့တွင် ဖြစ်ပွားသော ဆေးရုံအား တိုက်ခိုက်မှုတစ်ခုတွင် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး ၃၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၏ အစိတ်အပိုင်းတော်တော်များ ထိခိုက်ပျက်ဆီးခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း စာသင်ကျောင်းတစ်ခုလည်း ထိခိုက်ခဲ့ပြီး ထိုစာသင်ကျောင်းမှာ ဒုက္ခသည်များ ခိုလှုံရာနေရာလည်း ဖြစ်သည်။

သူပုန်များထိန်းချုပ်ထားသော အဆိုပါဒေသတွင် ထိုဆေးရုံကို မီဒီယာရုံးအဖြစ် အသုံးပြုထားပြီး တိုက်ခိုက်မှုမှာ ရုရှားမှ ပြုလုပ်ခြင်းဖြစ်သည်ဟု တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူက ယနေ့တွင် ပြောကြားခဲ့သည်။

အစ်ဒ်လစ်ဘ်ပြည်နယ်ရှိ မာရတ် အလ်-နူမန်မြို့တွင် နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF က ဆောင်ရွက်နေသော ဆေးရုံတစ်ရုံမှာလည်း ရုရှားမှပြုလုပ်သည်ဟု ယုံကြည်ရသည့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးခဲ့ပြီး ကလေးငယ်တစ်ဦးအပါအ၀င် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့သည့် ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

MSF ၏ ထိုဆေးရုံတိုက်ခိုက်ခံရမှုကို ပြည်နယ် ဆီးရီးယား အရပ်ဖက်ကာကွယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူကလည်း အတည်ပြုခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။ MSF ကလည်း ထိုတိုက်ခိုက်မှုအတွက် ယနေ့တွင် ကြေငြာချက်ထုတ် ရှုတ်ချခဲ့သည်။

Ref: Aljazeera

Leave a Reply