6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၈၊ ၂၀၁၆
M-Media

saudi 5

– ဆော်ဒီအာရေဗျရှိ မိသားစုတစ်ခုမှာ ၎င်းတို့အိမ်မှ အီသီယိုးပီးယား အိမ်အကူ အမျိုးသမီးအတွက် နှုတ်ဆက်ပါတီကို ကျင်းပပေးခဲ့ပြီး ငွေကြေးများ၊ ရွှေလက်ဝတ်ရတနာများကိုလည်း လက်ဆောင်ပေးခဲ့သည်ဟု Al-Riyadh သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါ အိမ်အကူအမျိုးသမီးမှာ ၄ နှစ်ကြာ အလုပ်လုပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်မိသားစုကမူ သူမမှာ သစ္စာရှိမှုနှင့် အနစ်နာခံ ပေးဆပ်မှုတို့အတွက် စံနမူနာယူစရာ အမျိုးသမီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ အီသီယိုးပီးယား အိမ်အကူမှာ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ဇာတိမြေသို့ ပြန်ရခြင်းဖြစ်ပြီး ဆော်ဒီအိမ်ရှင်ကမူ နှုတ်ဆက်ပါတီ ကျင်းပပြုလုပ်ပေးခဲ့သည်။

အဆိုပါပါတီသို့ အိမ်ရှင်၏ ဆွေမျိုးများ၊ သူငယ်ချင်းမိတ်ဆွေများ တက်ရောက်ခဲ့ကြပြီး အိမ်အကူ၏ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်မှုနှင့် လူတိုင်းအား ကောင်းမွန်စွာ ဆက်ဆံမှုတို့အတွက် ချီးကျူးခဲ့သည်။

“ရှင်က ကျွန်မတို့ရဲ့မိသားစုအပေါ် စိတ်ကောင်းစေတနာ၊ စွန့်လွှတ်အနစ်နာခံမှုနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တယ်။ ရှင် ကျွန်မတို့နဲ့ နောက်ထပ်နှစ်အများကြီး အတူရှိနိုင်ဖို့ ကျွန်မတို့ ဆန္ဒရှိပါတယ်” ဟု အိမ်ရှင်အမျိုးသမီး အွမ် မူဖဲလ် အလ်-ဘာလာဝီက ပြောကြားခဲ့သည်။

ထို့ပြင် မိမိတို့အနေဖြင့် သူမအား ဆက်ထားချင်သော်လည်း မပြန်၍မဖြစ်သည့် အကြောင်းအရင်းကြောင့် သွားခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း၊ သူမမှာ နိုင်ငံရပ်ခြား အိမ်အကူအလုပ်သမားများအတွက် အထင်ကြီးစရာကောင်းသည့် အပြုအမူကို ချန်ရစ်ခဲ့ကြောင်း အလ်-ဘာလာဝီက ထပ်လောင်းပြောကြားခဲ့သည်။

ထိုနှုတ်ဆက်ပွဲပါတီတွင် အိမ်ရှင်မိသားစုမှာ ရွှေများ၊ ငွေကြေးများနှင့် နှင်းဆီပန်းများကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

Ref: Saudigazette

Leave a Reply