6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
M-Media

globe

– ဘဏ္ဍာရေးဈေးကွက်များတွင် မတည်ငြိမ်မှုကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုမှာ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်မည့် ဖြစ်နိုင်ချေများ ရှိနေသည်ဟု ပြင်သစ်အခြေစိုက် ဘဏ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်း Societe Generale က ပြောကြားလိုက်သည်။

ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်မှုများရှိလာခြင်းက ဘဏ္ဍာရေးဈေးကွက်များအပေါ် ဆိုးရွားသည့် ရိုက်ခတ်မှုများ ရှိနေပြီး၊ ဗဟိုဘဏ်များအပေါ် ယုံကြည်မှု ပျောက်ဆုံးလာခြင်းကလည်း ကမ္ဘာ့ဈေးကွက်ကို ကြီးမားသည့် သက်ရောက်မှုများ ရှိနေသည်ဟု Societe Generale အဖွဲ့မှ ကမ္ဘာ့စီးပွားရေးဆိုင်ရာ အကြီးအကဲ မီချာလာ မာရ်ကက်ဆန်က ဆိုသည်။ ၂၀၁၅ ခုနှစ် သြဂုတ်လက တရုတ်ယွမ်ငွေ တန်ဖိုးကျဆင်းမှုနှင့် ငွေကြေးစစ်ပွဲ ဖြစ်ပွားလုနီးနီး အခြေအနေကို မာရ်ကက်ဆန်က ထောက်ပြခဲ့သည်။

ဘဏ္ဍာရေးဈေးကွက် ကမောက်ကမဖြစ်မှုနှင့် ကြုံတွေ့ခဲ့ရသည့် တရုတ်နိုင်ငံမှာ ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း ကားရောင်းချရမှုမှာ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ဟု တရုတ် မော်တော်ယာဉ်ထုတ်လုပ်ရေး အသင်း CAMM က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ဖြစ်သော်လည်း ကားရောင်းချရမှုမှာ ၂၀၁၅ ခုနှစ်အထိ ၃ နှစ်ဆက်တိုက် နှေးကွေးသည့်နှုန်းဖြင့်သာ တိုးတက်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်လက ကားရောင်းချမှုအရေအတွက်မှာ ၂.၅ သန်းရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီလနှင့် နှိုင်းယှဉ်ပါက ၇.၇ ရာခိုင်နှုန်း တက်လာခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလအတွင်းက အင်ဂျင်ပါဝင်နည်းသော ခရီးသည်တင်ကားများအတွက် အခွန်နှုန်းထား ချပေးခဲ့ခြင်းက တရုတ်နိုင်ငံအတွင်း ကားရောင်းချမှု မြင့်တက်လာခြင်း၏ အကြောင်းအရင်းလည်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ ယမန်နှစ် ဂျီဒီပီမှာ ၁၉၉၀ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးသို့ ရောက်ခဲ့ပြီး ကားရောင်းချမှုမှာ ၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့သည်။

Ref: Channelnewsasia

Tags:

Leave a Reply