ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
M-Media
– တောင်ကိုရီးယားနှင့် ရေပိုက်နက်အငြင်းပွားမှုများရှိနေသည့် ပင်လယ်ပြင်အနီး၌ မြောက်ကိုရီးယားက ယနေ့တွင် အမြှောက်များဖြင့် ပစ်ခတ်ခဲ့ပြီး ဒေသခံများ အလန့်တကြားဖြစ်ခဲ့သည်ဟု သိရသည်။
တောင်ကိုရီးယား စစ်တပ်ကမူ အဆိုပါ အမြှောက်ဆံများမှာ နယ်စပ်ဖြတ်ကျော်လာခြင်း မရှိသော်လည်း တောင်ကိုရီးယားဘက်တွင် နေထိုင်သည့် ပြည်သူများမှာ စိုးရိမ်မှုများ ဖြစ်ပွားခဲ့သည်ဟု ပြောကြားခဲ့သည်။ ယခုလအစောပိုင်းတွင်မြောက်ကိုရီးယားမှာ တားမြစ်ထားသည့် တိုက်ချင်းပစ်ဒုံးကျည်ကို အသုံးပြု၍ ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ခဲ့ပြီး ထိုလုပ်ရပ်ကို တောင်ကိုရီးယားနှင့် အမေရိကန်တို့က ရှုတ်ချခဲ့သည်။
ဇန်န၀ါရီလကလည်း မြောက်ကိုရီးယားမှာ နျူကလီးယားစမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ယနေ့ ပြုလုပ်ခဲ့သည့် ထိုပစ်ခတ်မှုမှာ စစ်ရေးလေ့ကျင့်မှု အစိတ်အပိုင်းတစ်ခု ဖြစ်မည်ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူက ပြောကြားခဲ့သည်။ သို့သော်လည်း ထိုကဲ့သို့ ပစ်ခတ်မှုမှလွဲ၍ မြောက်ကိုရီးယားစစ်တပ်မှာ အခြား မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ချေ။
Ref: Aljazeera
Comments