News @ M-Media

လျှပ်စစ်ကဏ္ဍအတွက် မြန်မာနိုင်ငံ၏ ဘဏ္ဍာငွေ သုံးစွဲမှု ၅ နှစ်အတွင်း ၃ ဆ မြင့်တက်

ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
M-Media

power 2

– မြန်မာနိုင်ငံမှာ ပြီးခဲ့သည့် ၅ နှစ်တာအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအတွက် ငွေကြေပမာဏ ၃ ဆ သုံးစွဲခဲ့သည်ဟု ယနေ့တွင်ထုတ်ပြန်သော တရားဝင်သတင်းအချက်အလက်အရ သိရသည်။

၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွင်း အစိုးရမှာ လျှပ်စစ်ဓာတ်အားကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၄၈၁ သန်း သုံးစွဲခဲ့ပြီး ယခင် ၁၄၃ သန်းရှိရာမှ မြင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးမော်သာထွေးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တစ်ဦးချင်း ဓာတ်အားသုံးစွဲမှုပမာဏမှာ ၂၂၂ ကီလိုဝပ်ရှိပြီး ၂၀၁၀ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ဓာတ်အား ၃၄၀၀ မဂ္ဂါဝပ် ဖြန့်ဖြူးနေရာမှ ၂၀၁၅ ခုနှစ်တွင် ၅၀၈၉ မဂ္ဂါဝပ်အထိ မြင့်တက်လာခဲ့သည်။ နိုင်ငံတစ်ဝှမ်းရှိ ကျေးရွာပေါင်း ၆၀၀၀၀ တွင် ၁၅၀၀၀ ကို ဓာတ်အားဖြန့်ဖြူးပေးထားနိုင်သည်။

ဒုတိယ၀န်ကြီးကမူ ဂျပန်နိုင်ငံတကာကော်ပိုရေးရှင်းအေဂျင်စီ (JICA) နှင့် ပူးပေါင်းဆောင်ရွက်နေသည့် မြန်မာအမျိုးသား ဓာတ်အားဖြန့်ဖြူးရေး စီမံကိန်းမှာ ၂၀၃၀ ခုနှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်ပေးနိုင်ရေးကို ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၏ ၆၆ ရာခိုင်နှုန်းမှာ ရေအားလျှပ်စစ်မှ ရရှိခြင်းဖြစ်ပြီး ၂၉ ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့မှ ရရှိခြင်းဖြစ်သည်။ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံမှာ စုစုပေါင်း ဓာတ်အားပမာဏ၏ ၃ ရာခိုင်နှုန်းနှင့် လေစွမ်းအင်၊ နေစွမ်းအင်နှင့် ဇီဝစွမ်းအင်တို့က ၁ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးလျက် ရှိနေသည်။

Ref: Business-standard

Comments

Leave a Reply