မတ် ၄၊ ၂၀၁၆
M-Media
– အခွံမာသီးစားလေ့ရှိသူတွေဟာ အသက်ရှည်ရှည် နေထိုင်ရတတ်ပြီး ကင်ဆာ၊ နှလုံး၊ အသက်ရှုလမ်းကြောင်းရောဂါများကြောင့် အသက်သေဆုံးနိုင်ချေ နည်းပါးကြောင်း သိရပါတယ်။
အမျိုးသမီးတွေမှာဆိုရင် အခွံမာသီးကို လက်နှစ်ဆုပ်စာ စားခြင်းအားဖြင့် တစ်ပတ်လေးနာရီကြာ အနှေးပြေးသကဲ့သို့ အကျိုးကျေးဇူး ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်က သုတေသီတွေဟာ တစ်ပတ်မှာ ငါးရက်နဲ့အထက် ပဲထောပတ် တစ်ဇွန်းစားလေ့ရှိတဲ့ နှလုံးရောဂါဝေဒနာရှင် အမျိုးသမီးတွေဟာ ဒီထက်ပိုနည်းတဲ့ ပမာဏစားသုံးတဲ့သူတွေထက် နှလုံးရောဂါဝေဒနာ ထက်ဝက်ခန့် သက်သာသွားတာကို တွေ့ရှိရပါတယ်။
တစ်ပတ်မှာ မြေပဲ တစ်ကြိမ်ထက်ပိုပြီး စားတတ်လေ့ရှိတဲ့ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေအနေနဲ့ ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ အမှတ်အသားဖြစ်တဲ့ ရင်သားအကြိတ်ဖြစ်ပေါ်တာ သိသိသာသာ လျော့နည်းသွားတယ်လို့ လေ့လာမှုအရ သိရပါတယ်။
တစ်နေ့လျှင် မြေပဲလက်တစ်ဆုပ်ခန့် သို့မဟုတ် လက်နှစ်ဆုပ်ခန့်စားတတ်သူတွေဟာ ခန့်မှန်းထားတာထက် ကိုယ်အလေးချိန် လျော့ကျသွားတတ်တာ သို့မဟုတ် လုံးဝကိုယ်အလေးချိန်မတက်တာ သို့မဟုတ် အမှန်တကယ်ကိုယ်အလေးချိန် လျော့ကျသွားတာမျိုးကို တွေ့ရပါတယ်။
pistachio လို့ ခေါ်တဲ့ မြေပဲဆံ အခု ၁၂၀ လောက်ကို နေ့စဉ် သုံးလကြာ စားသုံးသူတွေကို လေ့လာစောင့်ကြည့်ခဲ့ရာမှာ ကိုယ်အလေးချိန်တစ်အောင်စတောင် မတက်တာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ မြေပဲဆံရဲ့ ခန္ဓာကိုယ် ဇီဝရုပ်ဖြစ်ပျက်မှုကို မြှင့်တင်နိုင်စွမ်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မြေပဲများများ စားသုံးလေလေ ခန္ဓာကိုယ်အဆီတွေ ပိုလောင်ကျွမ်းလေပါပဲ။
မိမိစားသုံးလိုက်တဲ့ အစားအသောက်ဟာ အချိန် ၈ နာရီကြာအတွင်းမှာ အဆီ ၂၀ ဂရမ်သာ လောင်ကျွမ်းတာကို တွေ့ရပါတယ်။ သို့သော် ကိုယ်စားသုံးတဲ့ အစားအစာထဲမှာ အခွံမာသီး (မြေပဲ) ပါဝင်မယ်ဆိုရင်တော့ အဆီ ၃၁ ဂရမ်လောက် လောင်ကျွမ်းစေနိုင်ဖြစ်ပါတယ်။
Ref: IINA
Leave a Reply
You must be logged in to post a comment.