6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၄၊ ၂၀၁၆
M-Media

teacher

– ဒုက္ခသည်ကလေးငယ်များကို ပညာသင်ကြားပေးနေသည့် ပါလက်စတိုင်း ကျောင်းဆရာမ ဟာနန် အလ် ဟာရွဘ်မှာ ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

အဆိုပါဆုမှာ ထိပ်တန်းပညာရေးဆုတစ်ခုဖြစ်ပြီး ဒူဘိုင်း၌ပြုလုပ်ခဲ့သည့် ဆုပေးပွဲအခမ်းအနားတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကိုယ်တိုင် ဗီဒီယိုမှတစ်ဆင့် ဆုရရှိသူကို ကြေငြာပေးခဲ့ခြင်းဖြစ်သည်။

အလ် ဟာရွဘ်မှာ ပါလက်စတိုင်းဒုက္ခသည်စခန်းတွင် ကြီးပြင်းခဲ့သူဖြစ်ပြီး ဒုက္ခသည်ကလေးများကို ပညာသင်ကြားနေကာ အကြမ်းဖက်မှုများကြောင့် စိတ်ထိခိုက်ခံစားနေရသူများကိုလည်း ကူညီအားပေးနေသည်။ ပုပ်ရဟန်းမင်းကြီးက ကျောင်းဆရာများမှာ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို တည်ဆောက်သူများဖြစ်သည်ဟု ပြောကြားခဲ့ပြီး၊ ဗြိတိန် အိမ်ရှေ့မင်းသား ၀ီလီယံကလည်း ဗီဒီယိုမှတစ်ဆင့် အလ် ဟာရွဘ်အား ချီးကျူးစကား ပြောဆိုခဲ့သည်။

ဟာနန် အလ် ဟာရွဘ်ကမူ ကျောင်းဆရာများမှာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်မည်ဟု ပြောကြားခဲ့သည်။

“ဒီစင်မြင့်ပေါ်မှာ ရပ်ရတဲ့ ပါလက်စတိုင်းကျောင်းဆရာမတစ်ဦး ဖြစ်ရတာကို ကျွန်မ ဂုဏ်ယူပါတယ်” ဟု ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပြီး ရရှိသည့် ဆုကြေးငွေ ကန်ဒေါ်လာ ၁ သန်းကို ကျောင်းသားများအတွက် အသုံးပြုသွားမည်ဟု ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆု၏ နောက်ဆုံး ဇကာတင်စာရင်းတွင် အိန္ဒိယ၊ ကင်ညာ၊ ဖင်လန်နှင့် အမေရိကန်တို့မှ ကျောင်းဆရာများ ပါဝင်ခဲ့သည်။ အဆိုပါဆုကို Varkey ဖောင်ဒေးရှင်းမှ ဖန်တီးချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပညာသင်ကြားရေးကဏ္ဍ တိုးတက်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။

Ref: BBC

Tags:

Leave a Reply