6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၈၊ ၂၀၁၆
M-Media

kurd

– ဆီးရီးယားရှိ ကာ့ဒ် ဒီမိုကရက်တစ်သမဂ္ဂပါတီ PYD နှင့် ၎င်း၏ မဟာမိတ်အဖွဲ့များက နိုင်ငံမြောက်ပိုင်းရှိ ဒေသများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖန်တီးရန် မဲပေးခဲ့ကြသည်ဟု သိရသည်။

ကာ့ဒ်၊ အာရပ်၊ အက်ဆီရီယန်နှင့် အခြားသော တိုင်းရင်းသားအဖွဲ့များမှာ ဟက်ဆာကီဟ်ပြည်နယ် ရာမီလန်မြို့တွင် ၂ ရက်ကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့က သဘောတူခဲ့ခြင်ဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ကြေငြာမည့် အဆိုပါဒေသမှာ ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားရာ ဒေသလည်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည့် ဆီးရီးယား ဒီမိုကရက်တစ် တပ်ပေါင်းစုအဖွဲ့ SDF မှ ပြောရေးဆိုခွင့်ရှိသူ တဂ်ျ ကော့ဒ်ရှ်ကမူ မိမိတို့မှာ ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဖက်ဒရယ်စနစ်အောက်တွင် ထည့်သွင်းရန် ဆွေးနွေးခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ဆီးရီးယားအစိုးရနှင့် အတိုက်အခံဘက် အရေးပါသော အဖွဲ့များမှ တစ်ခုဖြစ်သည့် ဆီးရီးယားအမျိုးသားမဟာမိတ်တို့က ထိုသို့ ကြေငြာမှုကို ကန့်ကွက်ခဲ့သည်။ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ထိုလုပ်ရပ်အား နိုင်ငံတော် စည်းလုံးညီညွတ်ရေးနှင့် ဆီးရီးယားပြည်သူများအား ပျက်ဆီးထိခိုက်စေသည့် လုပ်ရပ်ဟု ဖော်ပြကာ သတိပေးခဲ့သည်။

ဆီးရီးယားအမျိုးသား မဟာမိတ်အဖွဲ့ကလည်း ထိုကြေငြာချက်မှာ တစ်ဖက်သက် ကြေငြာချက်ဖြစ်ပြီး ဆီးရီးယားပြည်သူများအား သိမ်းပိုက်မှုသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖြစ် ကြေငြာခဲ့သည့် အဆိုပါဒေသကို ရိုဂျာဗာဟု ခေါ်ဆိုပြီး ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်တပ်ဖွဲ့များ ထိန်းချုပ်ထားသော ဂျာဇီရာ၊ ကိုဘာနီနှင့် အက်ဖ်ရင် စသည့် ဒေသ ၃ ခု ပါဝင်သည်။

Ref: Aljazeera

Tags:

Leave a Reply