6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၁၉၊ ၂၀၁၆
M-Media
ကေသီ
Bone Owe.
ရန်ကုန်။    ။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဗုံအိုးကျေးရွာ အပ်ချုပ်တန်းရပ် ရက်ကန်းလွန်မြောက် ဗလီတွင် မတ်လ ၁၉ ရက်နေ့က ဗလီဂေါပကရွေးချယ်ရင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုထိ ဖြစ်ပွားခဲ့သည်ဟု The Voice Weekly မှ မှားယွင်းစွာဖော်ပြခဲ့ပါတယ်။
.
အဆိုပါဖြစ်ရပ်မှန်မှာ ဗလီမြေနေရာ အစိတ်အပိုင်းအချို့ကို ပိုင်ဆိုင်ကြောင်း အမွေဆိုင်များ နှစ်ဦးနှစ်ဖက် အငြင်းပွားရာမှ စကားများရန်ဖြစ်ခဲ့ကြပြီး လူနှစ်ဦးသေဆုံးပြီး လူ (၇) ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
.
The Voice Weekly မှ ဖော်ပြထားသည့် ဗလီဂေါပက ရွေးချယ်ရင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုဆိုသည်မှာ မှားယွင်းနေကြောင်း ဒေသခံတစ်ဦးကဆိုပါတယ်။
.
“သူတို့တွေ မြေနေရာလုရင်း ရန်ဖြစ်ကြတာပါ။ အရင်ကတည်းက ဖြစ်နေတာကြာပြီ။ ဒီနေ့မှ တရားရုံးမှာ အနိုင်အရှုံးပေါ် သွားပြီး နိုင်တဲ့ဘက် နဲ့ ရှုံးတဲ့ဘက် ရန်ဖြစ်ကြတာပါ။ ဂေါပက နေရာလုတာ မဟုတ်ပါဘူး။ ဗလီနဲ့လည်း ဘာမှမဆိုင်ပါဘူး” ဟု ဗုံအိုးကျေးရွာမှ နယ်ခံ တစ်ဦးက M-Media ကိုပြောပါတယ်။
.
ဒဏ်ရာရှိခဲ့တဲ့သူများကိုတော့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရှိရပါတယ်။

Tags:

Leave a Reply