ဧပြီ ၁၊ ၂၀၁၆
M-Media
– ဗဟိုအာဖရိကနိုင်ငံရှိ အမျိုးသမီး ၁၀၀ နီးပါးက ၎င်းတို့မှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရသည်ဟု ပြောကြားခဲ့ပြီး ထိုအထဲမှ ၃ ဦးကမူ ၂၀၁၄ ခုနှစ်တွင် ပြင်သစ်တပ်မှူးတစ်ဦးက ၎င်းတို့အား ကြိုးဖြင့်ချည်ကာ ခွေးဖြင့် အတင်းအဓမ္မ လိင်ဆက်ဆံခိုင်းခဲ့သည်ဟု ဖွင့်ဟခဲ့သည်။
မတည်မငြိမ်ဖြစ်နေသော ဗဟိုအာဖရိကနိုင်ငံတွင် Minusca အမည်ဖြင့် ကုလ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့များ ချထားပြီး ၎င်းတို့ထဲမှ အဖွဲ့တစ်ခုက စနေနေ့တွင် မေးမြန်းမှုများ ပြုလုပ်ရာ၌ ထိုကဲ့သို့ ကြောက်မက်ဖွယ် ကျူးလွန်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။
ထိုကျူးလွန်မှုများတွင် ကုလတပ်ဖွဲ့ဝင်များ၊ ဒေသတွင်းတပ်ဖွဲ့ဝင်များနှင့် ပြင်သစ်နိုင်ငံမှ စေလွှတ်ထားသည့် တပ်ဖွဲ့ဝင်များလည်း ပါဝင်ပြီး ကုလကမူ စုံစမ်းစစ်ဆေးမှုများကို ချက်ခြင်း ပြုလုပ်မည်ဟု ကြေငြာခဲ့သည်။
ခွေးဖြင့် လိင်ဆက်ဆံခိုင်းခြင်း ခံခဲ့ရသည့် အမျိုးသမီးငယ်များမှာ ၄ ဦးရှိပြီး တစ်ဦးမှာ အမည်မသိရောဂါဖြင့် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ ၎င်းတို့အား ပြင်သစ်၏ Sangaris တပ်ဖွဲ့ အခြေစိုက်ရာ စခန်းတစ်ခုတွင် ကြိုးချည်၍ ထိုကဲ့သို့ ပြုမူခိုင်းခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဖရန့်ငွေ ၅၀၀၀ (စတာလင် ၆ ပေါင်) ကို ပေးခဲ့သည်။
အမျိုးသမီးငယ်တစ်ဦးကမူ ထိုဖြစ်အပျက် ဖြစ်ပွားပြီးနောက် ပတ်ဝန်းကျင်က ၎င်းအား the Sangaris’ dog ဟု ခေါ်ဆိုကြသည်ဟု ပြောကြားခဲ့သည်။ ခွေးဖြင့် လိင်ဆက်ဆံခိုင်းခြင်း ခံခဲ့ရသော အမျိုးသမီးငယ် ၃ ဦးကို အခြေခံ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနေသည်ဟု Aids-Free မှ ပြောကြားခဲ့သည်။
ဗဟိုအာဖရိကနိုင်ငံတွင် ကုလ၏ ငြိမ်းချမ်းရေးတပ်ဖွဲ့များမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်များကိုပင် အဓမ္မပြုကျင့်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
Ref: Independent
Leave a Reply
You must be logged in to post a comment.