6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကျနော်တွေးမိသလို ရေးပါမည် (၁၃၈)
ဝင်းအောင်ကြီး (မောင်အောင်မွန်)
.12963796_1711456955758997_280862527183205968_n
၁၉၅၅ ခု၊ ဧပြီလ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းညီလာခံ တက်ဖို့အသွား၊ ရန်ကုန်ကို ၀င်လာသည့် အိန္ဒိယ၀န်ကြီးချုပ်နေရူး၊ အီဂျစ်သမတ နတ်ဆာနှင့် ဦးနုတို့ ရေကစားနေကြချိန်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန သင်္ကြန်မဏ္ဍပ်ထဲ၌ အင်ဒီရာဂန္ဒီ၊ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် သတင်းစာဆရာ ဦးလောရုံတို့လည်း စကားလက်ဆုံကျနေကြ၏။ သတင်းစာဆရာတယောက် ဘာ့ကြောင့် ထိပ်သီးခေါင်းဆောင်ကြီးများနှင့် အတူထိုင်စကားပြောခွင့်ရသနည်း။
.
ပါလီမန်တို့ တရားရုံးတို့နှင့်အတူ နယ်ပယ်အသီးသီးတွင် ကိုယ့်တာဝန်ကိုလုပ် ဘယ်သူကမှဝင်မရှုပ်မို့၊ ထိုအချိန်က ကမ္ဘာ့အလယ် ထည်ဝါတဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာ။ ထိုသို့ထားရဲအောင် လူထုအပေါ် အစိုးရရဲ့ယုံကြည်စိတ်ချမှု၊ နိုင်ငံတွင်း မှီတင်းနေထိုင်ကြသည့် လူမဆိုထားနှင့် လမ်းဘေးက ခွေးဝဲစားတောင် ဘယ်သူရဲကောင်းကမှ ခဲနှင့်မပေါက် ခြေထောက်နှင့်မကန်၍ လုံခြုံဘေးကင်းစွာအိပ်လို့ရ၏။ သူ့ခေတ်သူ့အခါနဲ့ရှိနေသော Civilized Society ခေါ် အကျင့်သိက္ခာမြင့်မား လူ့အဖွဲ့အစည်းထဲက သင်္ကြန်ပါ။
.
လူတိုင်းကိုယ့်အရည်အချင်းနှင့် လွတ်လပ်စွာ၊ ထိုက်တန်စွာ ခံစားခွင့်ရှိ၊ ငွေကလည်းတန်ဖိုးမြင့်မို့ ယုတ်စွအဆုံး သူတောင်းစားတောင် ခွက်ထဲပြား ၄၀ ပြည့်ရင် ကြိုက်ရာ ဆီပြန်ဟင်းနှင့် ၀ယ်စားကာ ဆက်မတောင်းတော့။
.
၆၁ နှစ်ကြာတော့မှ ဒီ ဓာတ်ပုံကြည့်ရင်း အင်း ဦးနုက ဗုဒ္ဓဘာသာ၊ နေရူးက ဟိန္ဒူ၊ နတ်ဆာက မွတ်စလင်၊မဏ္ဍပ်ထဲမှာ ချူအင်လိုင်းက ဘာသာမဲ့၊ ဦးလောရုံက ခရစ်ယာန်၊ ဟိုတုန်းက ဘာဖြစ်လို့ မစဉ်းစားကြည့်မိသလဲ၊ မလိုဘူးလေ၊ ရန်ကုန်တက္ကသိုလ်မှာလည်း လူမျိုးစုံ ကိုးကွယ်တဲ့ဘာသာစုံ၊ တပြည်လုံးမှာလည်း အလားတူ၊ ကုန်ကုန်ပြောရ ကျနော်တို့ရွာလေးမှာတောင် ယဉ်ကျေးသိမ်မွေ့စွာ အတူနေကြတာကိုး။ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ လာရောက်ဂါရ၀ပြုသည်ဟု ပါးစပ်အရသာခံ တင်စီးဘ၀င်မြင့် အောက်ခြေလွတ်စွာ ရေးဖို့ဝေးလို့ တွေးပင်မတွေးမိကြ။
.
ထိုသို့ရေကစားကြပုံကို ခုခေတ်လူတချို့မြင်ကြရင် တိုင်းတပါးက လူမျိုးခြား ဘာသာကွဲတွေ ငါတို့ယဉ်ကျေးမှု သင်္ကြန်မှာ လာစော်ကားသည်ဟု ဆဲရေးတိုင်းထွာ အော်ဟစ်ကာ ဒုတ်ဆွဲဓားဆွဲနှင့် လိုက်ကြလို့၊ ခါးပတ်နဲ့မြဲအောင် ၀တ်ထားရသည့်ပုဆိုး ခါးတောင်းကျိုက်ကာ ပြေးဖို့မလိုတော့ပါ။ သူတို့အားလုံး သေဆုံးကုန်ကြပါပြီ။ အသက်ရှင် နေထိုင်ကြသူများသာလျှင် မြန်မာပြည်တွင် အမှန်တကယ် ရှိခဲ့ဖူးသော နိုင်ငံ၏ဂုဏ်သိက္ခာ၊ မြင့်ခဲ့ဖူးသော ယဉ်ကျေးမှု၊ ရှိခဲ့ဖူးသော လူနေမှုအဆင့်အတန်း ပြန်ရချင်သပဆို ဆင်ခြင်သုံးသပ် အဖြေရှာကြရလိမ့်မည်ဟု သင်္ကြန်အကျနေ့တွင် တွေးမိကြောင်းပါ။
.
၂၀၁၅ ခု၊ ဧပြီလ ၁၃ ရက်။

စာရေးသူ၏ FB စာမျက်နှာမှ ဆောင်းပါးကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Leave a Reply