6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၉၊ ၂၀၁၆

M-Media
ap

ရန်ကုန်မြို့စွန်ရှိ လုပ်ငန်းခွင်ဝင်ရန် ထရပ်ကားပေါ် လိုက်ပါသွားနေသော လုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ – YE AUNG THU/AFP/Getty Images, စက်တင်ဘာ ၂၁၊ ၂၀၁၅)

– နှစ်ပေါင်း ၅၀ လွန်ပြီးနောက် မြန်မာနိုင်ငံတွင် ပထမဆုံး အရပ်သားဦးဆောင်သော အစိုးရတစ်ရပ်၏ ကောက်ကြောင်း ထင်ရှားလာပြီဖြစ်သည်။ ရက်သတ္တပတ်အနည်းငယ်အတွင်း မကြုံစဖူး ကြေငြာချက်များ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်လာသည်မှာ လူအများအပြားက စိုးရိမ်မိသည်အထိပင်။ သမ္မတသစ်မှာ ဦးထင်ကျော်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏စည်းမျဉ်းခံ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ စစ်တပ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတရာထူးကို ငြင်းပယ်ခံရသော်လည်း နိုင်ငံတော်အတိုင်ပင်ခံဟူသည့် ဥသျှောင်နေရာအား ဖန်တီးလိုက်သည်။ တစ်နည်းအားဖြင့် သူမသည် အစိုးရသစ်အား ဦးဆောင်ကိုင်တွယ်သွားတော့မည့်အဖြစ်မှာ အငြင်းဝင်ဖွယ် မရှိတော့ချေ။

ဒေါ်အောင်ဆန်းစုကြည်၏ ထိပ်တန်းဦးစားပေးဆောင်ရွက်မည့်အချက်မှာ လွတ်လပ်ရေးရပြီးကတည်းက နိုင်ငံကို ပျက်စီးရေးလမ်းကြောင်းသို့တွန်းပို့ခဲ့သော ပြည်တွင်းပဋိပက္ခများအား အဆုံးသတ်စေရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ထူထောင်အသက်သွင်းခြင်းဖြစ်သည်ဟု သူမ၏အဆိုအရ သိရသည်။ စစ်တပ်အာဏာသိမ်းစဉ် ၁၉၆၂ ခုနှစ်က မြန်မာနိုင်ငံသည် ဒေသတွင်း စီးပွားရေးအခိုင်မာဆုံးနိုင်ငံအဖြစ် ခေါင်းမော့ရင်ကော့နိုင်ခဲ့သည်။ သို့သော် ယခုအခါ အာရှတိုက်၏ ဒုတိယမြောက်အဆင်းရဲဆုံးနိုင်ငံ ဖြစ်လျက်နေပေပြီ။ သမ္မတဟောင်း ဦးသိန်းစိန်မှ ၂၀၁၁ ခုနှစ်တွင် ချမှတ်လိုက်သော သူ၏ ပြန်လည်ပြုပြင်ရေးအစီအမံကြောင့် ဖြစ်ပေါ်လာရသည့် ဤအရိပ်မည်းကြီးကို ပြန်လှန်ပစ်ရတော့မည်ဖြစ်သည်။ ယမန်နှစ်က နိုင်ငံစီးပွားရေးပျမ်းမျှတိုးတက်မှု ၆.၅ ရာခိုင်နှုန်း ရစေသည့် သူ၏အားထုတ်မှုမှာ အထင်ကြီးစရာအသွင်ရှိသော်လည်း အနိမ့်ဆုံးအဆင့်နှင့်နှိုင်းယှဉ်ထားခြင်းသာ ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ GDP မှာ ဒေါ်လာ ၁၂၀၀ ဖြစ်သဖြင့် ဒေါ်လာ ၆၀၀၀ ခန့်ရှိသော အိမ်နီးချင်းထိုင်းနိုင်ငံနှင့် နှိုင်းစာပါက အကြီးအကျယ် ကွာဟလွန်းလှ၏။ နိုင်ငံ့လူဦးရေ လေးပုံတစ်ပုံခန့်မှာ ဆင်းရဲတွင်းနက်နေဆဲ၊ တစ်နိုင်ငံလုံး၏လေးပုံတစ်ပုံမျှသာ လျှပ်စစ်မီးရရှိနေသည်။ ၎င်းအပြင် ကားလမ်း၊ ရထားလမ်းနှင့် သယ်ယူပို့ဆောင်ရေးကွန်ရက်များကလည်း အရှေ့တောင်အာရှ၌ အဆိုးဝါးဆုံးအခြေအနေ ရောက်ရှိနေသည်။

နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းက ကျေးလက်နေပြည်သူများဖြစ်ကြပြီး ဆင်းရဲနွမ်းပါးကာ လုံလောက်သောဝင်ငွေ မရှိကြ။ ထို့ကြောင့် ၎င်းတို့ကို ဦးစားပေးရမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးသစ် ဦးကျော်ဝင်းက ဆိုသည်။ ဤသည်မှာ ယခင်အစိုးရဟောင်းတို့၏ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းကို သံယောင်လိုက်နေသယောင် ထင်ရ၏။ သို့သော် ဦးကျော်ဝင်းက မိမိ၏စီးပွားရေးမူဝါဒသည် ၀င်ငွေအချိုးမညီမှုနှင့် အခွန်တိုးမြှင့်ကောက်ခံခြင်း၌လည်း အလေးထားသွားမည်၊ သို့မှသာ မြန်မာနိုင်ငံတွင် ဆိုးဆိုးဝါးဝါး လိုအပ်နေသော စာသင်ကျောင်း၊ လမ်းသစ်များအတွက် အစိုးရမှ သုံးစွဲသွားနိုင်မည်ဟု ပြောကြားသည်။ လက်ရှိ၌ ကူညီကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် နိုင်ငံအတွင်းသို့ စီးဝင်နေသော ငွေကြေး အများအပြား ရှိနေကြသည်။ အထူးစီးပွားရေးဇုန်သစ်များတွင် ရင်းနှီးမြှုပ်နှံနေသော ဂျပန်ထံမှလည်း ရရှိနေသည်၊ ဆက်လက်၍လည်း ရရှိနေဦးမည်။ GDP ၏ ၅ ရာခိုင်နှုန်းမျှသာရှိနေသော အခွန်အခများကို တိုးမြှင့်ဖော်ဆောင်နိုင်ခြင်းမရှိလျှင် အောင်မြင်နိုင်သည့်အခွင့်အလမ်း အလွန်နည်းပါးကြောင်း အစိုးရကိုယ်တိုင်ကလည်း သိရှိထားပေသည်။

လွှတ်တော်ရှိ စီးပွားရေးဆိုင်ရာအစုအဖွဲ့သစ်သည်လည်း အခိုင်အမာယုံကြည်စိတ်ချ၍မရကြောင်း သေချာပြီးဖြစ်သည်။ ဦးကျော်ဝင်းအား ၀န်ကြီးအဖြစ် ခန့်အပ်ကြောင်း ကြေငြာပြီး မရှေးမနှောင်းမှာပင် သူ၏ဒေါက်တာဘွဲ့မှာ အတုအယောင်ဖြစ်ကြောင်း၊ တက္ကသိုလ်အမည်ခံပြီး ဒီပလိုမာလက်မှတ်တုများ ပေးနေသည့် ပါကစ္စတန်အခြေစိုက်အုပ်စုတစ်ခု၏ ၀က်ဆိုဒ်မှ ရရှိထားခြင်းဖြစ်ကြောင်း ပေါ်လွင်သွားခဲ့သည်။ မိမိသည် ယင်းကိစ္စကို အလျဉ်း မသိရှိခဲ့ကြောင်း ဦးကျော်ဝင်းက သတင်းထောက်များကို ၀န်ခံပြောကြားသည်။ သေချာသည်မှာ ဦးကျော်ဝင်းအား ရွေးချယ်ခြင်းသည် သူ၏ကျွမ်းကျင်ကြောင့် မဟုတ်၊ NLD စီးပွားရေးရာကော်မတီ၌ နှစ်ရှည်လများ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပါတီအပေါ် သစ္စာရှိခြင်းကြောင့်ဟု ဆိုနိုင်ပေမည်။

တစ်ချိန်တည်းမှာပင် စီးပွားကူးသန်းဝန်ကြီးအဖြစ် လျာထားခံခဲ့ရသည့် ဦးသန်းမြင့်သည်လည်း New York Times ၏အဆိုအရ တရားဝင်အသိအမှတ်ပြုထားခြင်းမရှိသောကျောင်းတစ်ခုမှ ဘွဲ့ရယူခဲ့ကြောင်း တွေ့ရှိခဲ့ကြသည်။ NLD သည် ကာလရှည်မြန်မာ့အရေးစောင့်ကြည့်လေ့လာသူ သြစတေးလျပညာရှင် Sean Turnell ကဲ့သို့ ပြင်ပကျွမ်းကျင်သူများ၏အကြံဥာဏ်ကို လက်ခံရယူနေကြောင်း ယုံမှားသံသယမရှိ။ သို့သော် စီးပွားရေးရာအစုအဖွဲ့သည် လွှတ်တော်အဆင့် အရည်အသွေးပြည့်မှီရန် ဆောင်ရွက်စရာ အများအပြားရှိနေသေးသည်။

ထပ်မံရှေဆက်ရပါလျှင် အစိုးရသစ်၏ စီးပွားရေးရာဦးစားပေးမှုများမှာ ကနဦးပိုင်းတွင် စစ်တပ်နှင့်ထိပ်တိုက်တွေ့ဖွယ်ရှိပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့သစ်နှင့် ဗိုလ်ချုပ်များ၏ဘက်တော်သားအုပ်စုဟောင်းအကြား အားပြိုင်မှုလည်း ဖြစ်သည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနနှင့်ပတ်သက်၍ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဋ္ဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနအဖြစ် ၀န်ကြီးဋ္ဌာနသစ်နှစ်ခု ထပ်မံခွဲခြမ်းလိုက်ခြင်းကလည်း ပဋိပက္ခဖြစ်လာနိုင်စရာရှိနေသည်။ ဤနယ်ပယ်နှစ်ရပ်စလုံးတွင် စစ်တပ်နှင့် ၎င်းတို့၏ခရိုနီလုပ်ငန်းရှင်များက အခိုင်အမာကြီးစိုးထားသည်ဖြစ်၍ အစိုးရ၏ စီးပွားရေးလုပ်ငန်းစဉ်တစ်ခုလုံး ရေရှည်တိုးတက်လာအောင် NLD သည် မည်မျှအထိ ထိုးဖောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိနိုင်ပေသည်။ အလားတူစွာပင် လွှတ်တော်ကိုယ်စားလှယ်နေရာ လေးပုံတစ်ပုံအထိ အပိုင်စီးထားသော စစ်တပ်က နိုင်ငံ့အကျိုးအမြတ်အများဆုံးရရှိသည့် ကုမ္ပဏီကြီးနှစ်ခုကိုလည်း ထိန်းသိမ်းထားဆဲဖြစ်နေသည်။

မြန်မာနိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းခန့်မှာ မဖွံ့ဖြိုးသေးသော ဒေသများတွင် နေထိုင်လျက်ရှိကြပြီး၊ ၅၄ ရာခိုင်နှုန်းဝန်းကျင်မှာ အများအားဖြင့် ပြည်တွင်းတစ်နိုင်တစ်ပိုင်လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည်ဟု ၀န်ကြီးသစ်က ဆိုထားသည်။ သို့သော် ဤကဏ္ဍမှာ GDP ၏ ၄၀ ရာခိုင်နှုန်းမျှသာ ရှိသဖြင့် အခြေအနေမကောင်း။ အဓိကထုတ်ကုန်ဖြစ်သော ဆန်စပါးသည်လည်း လောက်လောက်လားလား ဖူလုံမှုမရှိယုံသာမက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်( ၆၀ ရာခိုင်နှုန်း)နှင့် ဗီယက်နမ်(၁၁၄ ရာခိုင်နှုန်း)ထက်ပင် နိမ့်ကျနေပေသည်။

ထိုသို့ဖြစ်ရသောအကြောင်းရင်းများစွာအနက်တစ်ခုမှာ လယ်သမားများသည် မိမိတို့၏လယ်ယာမြေပိုင်ဆိုင်မှု လုံခြုံစိတ်ချခြင်းမရှိသောကြောင့် ရင်းနှီးမြှုပ်နှံနိုင်ခြင်း မရှိကြ။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းလည်း စစ်တပ်အရာရှိများ၏ ထင်တိုင်းကြဲ မြေယာသိမ်းဆည်းမှု၊ ပိတ်ပင်မှုများကြောင့် စိုက်ပျိုးမြေ လက်မဲ့ဖြစ်နေရသည်။ ခန်းမှန်းသုံးသပ်ချက်တစ်ခုအရ စိုက်ပျိုးနိုင်သည့်မြေယာများမှာ လေးပုံတစ်ပုံခန့်မျှသာ ကျန်တော့သည်။ ထို့ကြောင့် မြေယာပိုင်ဆိုင်မှုအခွင့်အရေးကိစ္စကို ဦးစားပေးလုပ်ဆောင်သွားရမည်ဟု ဦးကျော်ဝင်းက ဆိုသည်။ အစိုးရဟောင်းသည် ၂၀၁၂ ခုနှစ်တွင် မြေယာပိုင်ဆိုင်မှုအထောက်အထားများ ပြုလုပ်ခွင့်ပေးသော်လည်း အားနည်းပျော့ညံ့သည်သာမက အဓမ္မမြေသိမ်းမှုတို့ကို ဖြေရှင်းရေး၌ အသုံးချရန်သာဖြစ်ခဲ့သည်။ မြေယာဥပဒေများ အခိုင်အမာရှိပါသော်လည်း ပိုင်ရှင်ဖြစ်သူပင်လျှင် လက်ဝယ်ပိုင်ပိုင်မရရှိနိုင်ကြ၊ မြေသိမ်းဆည်းခံရသူတို့ကလည်း နစ်နာကြေးများ တောင်းဆိုကြပေဦးမည်။ ပိုင်ဆိုင်မှုအာမခံချက်မရှိသေးပါက လယ်သမားတို့သည် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ မည်သည့်နေရာမှမှ တိုးတက်ဖြစ်ထွန်းအောင် ရင်းနှီးလုပ်ကိုင်ကြမည်မဟုတ်ချေ။ မြန်မာနိုင်ငံကျေးလက်ရေးရာကျွမ်းကျင်သူ Debbie Aung Taylor က ဤသို့ ဆိုထားပါသည်။

“ဒီကလယ်သမားတွေဟာ စွန့်ဦးတီထွင်စိတ် ရှိကြပါတယ်။ ဒါပေမယ့် အဲ့ဒီအတွက် ဘာအခွင့်အရေးမှ အပေးမခံကြရဘူး”။

သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးအပိုင်းကဏ္ဍသည်လည်း ပို၍ပင် ထိရှလွယ်လွန်းနေ၏။ စစ်အစိုးရအုပ်စုဟောင်းမှာ ကချင်ပြည်နယ် ကျောက်စိမ်းတူးဖော်ရေးအကျိုးအမြတ်အများစုကို ဒလဟောရယူထားခြင်းကဲ့သို့ နိုင်ငံ့သယံဇာတများအား လုယက်သိမ်းပိုက်ခြင်းဖြင့် ချမ်းသာကြွယ်ဝခဲ့ကြသည်။ ၎င်းတို့သည် နိုင်ငံတော်ဘဏ္ဍာထဲသို့ မဆိုစလောက်မျှသာ ၀င်ရောက်ခဲ့ကြပြီး၊ တူးဖော်ရေးလုပ်ငန်းဆောင်ရွက်သူများ၊ မြေယာသိမ်းပိုက်ခံရသူများအား ပြန်လည်ပေးဆပ်ပင်လျှင် မရှိသလောက် နည်းပါးလှပေသည်။ နိုင်ငံတကာခြစားမှုများကို အထူးပြုလေ့လာသော Global Witness အဖွဲ့က ၂၀၁၄ ခုနှစ်၌ ကျောက်စိမ်းတစ်မျိုးတည်းမှာပင် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ စာရင်းပျောက်ရောင်းချမှု ရှိခဲ့သည်ဟု ထုတ်ဖော်ထား၏။ မြန်မာနိုင်ငံ၏ တရားဝင် ပြည်ပပို့ကုန်စုစုပေါင်းတန်ဖိုးကား ဒေါ်လာ ၁၁ ဘီလီယံမျှသာ ရှိနေသည်ကို တွေ့ရလေသည်။

ဤသို့သော အချိုးမညီမျှမှုများကြောင်း အစိုးရသစ်အနေဖြင့် ရှေ့ဆက်လုပ်ကိုင်ရန် ငွေအင်အား လိုအပ်ပေတော့မည်။ သတ္ထုတူးဖော်ရေးကုမ္ပဏီများအတွင်း အခြေခံကျကျ ပြောင်းလဲပြုပြင်ဖို့လည်း လိုအပ်လာပေမည်။ ထိုအခါ အစိုးရသစ်သည် စစ်တပ်၏ခရိုနီများ၊ ၎င်းတို့၏အကျိုးတူပူးပေါင်းဆောင်ရွက်သူများနှင့် ထိပ်တိုက်တွေ့ရတော့မည်ဖြစ်၏။

၎င်းတို့အနက် အချို့က ပြောင်းလဲရန်ဆန္ဒရှိကြောင်း၊ NLD နှင့် လက်တွဲလုပ်ဆောင်လိုကြောင်း လက္ခဏာကို ပြသကြသည်။ အမြင်ကျယ်ခြင်းနှင့် ပြိုင်ဆိုင်ခြင်းသဘောတရားကို လက်ခံနိုင်ပေလိမ့်မည်။ သို့သော် ထိုသို့မဟုတ်ကြသူက များသည်။ ဆက်သွယ်ရေးနှင့်မီဒီယာကဲ့သို့သော ကဏ္ဍအနည်းအကျဉ်းလောက်သာ ပွင့်လင်းသည့် ပြိုင်ဆိုင်မှုဖက်သို့ တိုးဝင်လာကြသော်လည်း အများစုမှာ ကန့်သတ်ခံထားရဆဲဖြစ်၏။ ဒေါ်စုကြည်သည် စစ်တပ်၏အကျိုးစီးပွားနှင့်စပ်လျဉ်း၍ မည်သည့်အတိုင်းအတာနှင့် မည်သို့ရင်ဆိုင်မည်ကို ရှင်းလင်းစွာ မသိရသေး။ မည်သို့ဆိုစေ ဆယ်စုနှစ်များစွာ ကမောက်ကမဖြစ်နေမှုမှ နာလန်ပြန်ထူနိုင်ခြင်းရှိမရှိဟူသည် သူမ၏ အဖြေရှာမှု၌ မူတည်နေမည်ဖြစ်ပေသည်။

ရန်ကုန်မြို့စွန်ရှိ လုပ်ငန်းခွင်ဝင်ရန် ထရပ်ကားပေါ် လိုက်ပါသွားနေသော လုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ – YE AUNG THU/AFP/Getty Images, စက်တင်ဘာ ၂၁၊ ၂၀၁၅)

(Foreign Policy မှ Richard Cockett ရေးသားသော “Can Aung San Suu Kyi Save Burma’s Economy?” ဆောင်းပါးကိုမှီး၍ မြင့်မိုရ်မောင်မောင် မှ ပြန်ဆိုရေးသားသည်။)

Leave a Reply