6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၄ ၊ ၂၀၁၂

M-Media

အဖိနှိပ်ခံနေကြရသော နဂိုမူလ နေထိုင်သူ ပါလစ္စတိုင်းတို့အား ကူညီရန် တောင်အာဖရိက တက္ကသိုလ်မှ ကျောင်းသားများသည်  ပညာရေးနှင့် ယဉ်ကျေးမှု့ဆိုင်ရာ ကဏ္ဍ တို့တွင် အစ္စရေးအစိုးရအား သပိတ်မှောက်ရန် တိုက်တွန်းခဲ့သည်။

A view of South Africa’s University of the Witwatersrand (file photo)

Witwatersrand တက္ကသိုလ် ကျောင်းသားများကောင်စီက တနင်္လာနေ့က ထုတ်ပြန်ချက် တွင် “ပညာရေး၊ ငွေကြေးလုပ်ငန်း နှင့် ယဉ်ကျေးမှု့ဆိုင်ရာ အခန်းကဏ္ဍ”  တို့တွင် အစ္စရေးတက္ကသိုလ်များနှင့် ပက်သက်မှု့များကို အသေအချာ စိစစ်ရန် ပါရှိပါတယ်။

တောင်အာဖရိက တက္ကသိုလ်တစ်ခုဖြစ်သော Johannesburg တက္ကသိုလ်သည် အစ္စရေးနိုင်ငံ Ben-Gurion တက္ကသိုလ် နှင့် ပညာရေးဆိုင်ရာ ပူပေါင်းဆောင်ရွက်ချက်များကို လွန်ခဲ့သောနှစ်အတွင်းက ရပ်ဆိုင်းခဲ့ပါသည်။

လူမည်းများအား လူမျိုးရေး၊ လူမှု့ရေး၊ စီးပွားရေး နှင့် နိုင်ငံရေးတို့ တွင် ခွဲခြားဆက်ဆံသော တောင်အာဖရိက ပေါ်လစီတစ်ခုဖြစ်သော Apartheid regime အား သပိတ်မှောက်ခြင်းနှင့် တန်းတူထားကာ  တောင်အာဖရိကသားတို့သည် အစ္စရေးတို့၏ ပါလစ္စတိုင်းတို့ အပေါ် ဆက်ဆံမှု အား ရှုံ့ချခဲ့သည်။

လူမည်းများအား နှိပ်ကွပ်ခြင်း ဥပဒေ (Apartheid regime) ကို သမိုင်းအစဉ်အလာအရ သပိတ်မှောက်ခြင်းသည်  အစ္စရေးတို့အား ပညာရေးဆိုင်ရာ သပိတ်မှောက်ရန် တွန်းအားပေးခြင်းဖြစ်သည် ဟု အဆိုပြုလွှာတွင်ဖော်ပြထားပါသည်။

နဂိုမူလ ပါလစ္စတိုင်းနိုင်ငံ၏ ဒေသတစ်ခုဖြစ်ပြီး ၁၉၅၀ တွင် Jaffa ဒေသမှ ခွဲထွက်လာသော ယခုအခါ အစ္စရေးတို့၏ မြေထဲပင်လယ်ဒေသတွင် အကြီးဆုံးနှင့် စီးပွားရေးအချက်အချာ ကမ်းခြေဒေသ တဲရာဗစ်(Tel Aviv )  ဒေသကို သပိတ်မှောက်ရန် လည်း  ဗြိတိန်ရှိ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများက အဆိုပြုထားပါသည်။

သပိတ်မှောက်ခြင်းရဲ့ အကျိုးသည် အစ္စရေးတို့၏ ပါလစ္စတိုင်းပြည်သူများအား မတရားဖိနှိပ်မှု့ပြုခြင်းနှင့် လူမျိုးရေးဆိုင်ရာခွဲခြားမှု ပြုခြင်းများ ပြောင်းလဲ သွားစေဖို့  ဖိအားပေး ရခြင်းပင်ဖြစ်သည်။     ။

 

Source: Press TV

 

Leave a Reply