6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၁၊ ၂၀၁၆
M-Media

michigan mosque

– အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် လန်ဆင်းမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ အနီးရှိ ခရစ်ယာန်ဘုရားကျောင်းမှ တနင်္ဂနွေ ၀တ်ပြုဆုတောင်းမှုအတွက် နေရာထိုင်ခင်းပေးထားသည်ဟု သိရသည်။

Unitarian Universalist Congregation ဟု အမည်ရသည့် ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး နေရာသစ်သို့ ရွှေ့ပြောင်းရန် ပြုလုပ်နေသောကြောင့် ဒေသတွင်းရှိ ခရစ်ယာန်များမှာ Islamic Society of Greater Lansing ဗလီဝတ်ကျောင်းတော်တွင် ဧပြီ ၃ ရက်နေ့မှစ၍ တနင်္ဂနွေ ၀တ်ပြုဆုတောင်းမှုကို ပြုလုပ်နေကြခြင်း ဖြစ်သည်။

ဗလီဝတ်ကျောင်းတော်၏ ရှေ့ဆောင်အီမာမ်ဖြစ်သူ ဆိုဟေးလ် ချောင်ဒရီကမူ ခရစ်ယာန်ဝတ်ပြုသူများအတွက် ထိုကဲ့သို့ နေရာထိုင်ခင်းပေးခြင်းမှာ နိုင်ငံအတွင်းရှိ မတူညီသော လူ့အဖွဲ့အစည်းများအတွက် ဥပမာတစ်ခုအနေဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

“အင်မတန်နှစ်လိုဖွယ်ရာကောင်းတဲ့ အသက်ရှင်နေထိုင်မှုဖြစ်ပြီး၊ လှပတဲ့ ဆက်ဆံရေးလည်းဖြစ်ပါတယ်”

ရွှေ့ပြောင်းမည့် ဘုရားကျောင်းသစ်မှာ လက်ရှိတွင် ဆောက်လုပ်ဆဲဖြစ်ပြီး ထိုအတွက် ရန်ပုံငွေရရှိရန် Islamic Society of Greater Lansing ဗလီဝတ်ကျောင်းတော်က ၎င်းတို့၏ ၀ဘ်စာမျက်နှာတွင် နှိုးဆော်ပေးခဲ့သည်။ ထို့ပြင် ဘုရားကျောင်းဆောက်လုပ်မှုတွင် လုပ်အားကုသိုလ် ပြုနိုင်ရန်အတွက်လည်း လူငယ်များအား ဗလီဝတ်ကျောင်းတော်က တိုက်တွန်းထားသည်။

ထိုဗလီဝတ်ကျောင်းတော်မှာ မီချီဂန်ပြည်နယ်တွင် ဖလင့်မြို့ရှိ ရေအဆိပ်သင့်ပြည်သူများအား ကူညီရန်အတွက် အမေရိကန် အစ္စလာမ့်ကူညီကယ်ဆယ်ရေးအဖွဲ့ Islamic Relief USA သို့ ငွေကြေးများ လှူဒါန်းရန်လည်း အစီအစဉ်ရှိနေသည်။

၂၀၁၂ ခုနှစ်ကလည်း ကယ်လီဖိုးနီးယားပြည်နယ် ဆာခရာမန်တိုမြို့ရှိ Salam Community Center ဗလီဝတ်ကျောင်းတော်မှာ အနီးရှိ Spiritual Life Center ခရစ်ယာန်ဘုရားကျောင်း၏ နေရာအခက်အခဲကြောင့် အီစတာ ၀တ်ပြုဆုတောင်းမှုကို လက်ခံကျင်းပပေးခဲ့သည်။

Ref: IINA

Leave a Reply