မေ ၁၊ ၂၀၁၆
M-Media
– တူရကီသမ္မတ အာဒိုဂန်က “ဂိုဏ်းဂဏ၀ါဒ၊ လူမျိုးရေးခွဲခြားမှု၊ အကြမ်းဖက်ဝါဒ” စတဲ့ အန္တရာယ်ကြီးသုံးခုနဲ့ပက်သက်ပြီး မွတ်စလင်လူငယ်တွေအနေနဲ့ သတိထားရှောင်ရှားကြဖို့ ကြာသာပတေးနေ့မှာ သတိပေးခဲ့တယ်လို့ သိရပါတယ်။
“မွတ်စလင်တွေအနေနဲ့ ထိုက်တန်တဲ့ လေးစားမှုကို ရရှိချင်တယ်ဆိုရင်တော့ အရင်ဆုံး ဒီအန္တရာယ်တွေကို ရှင်းပစ်ရပါလိမ့်မယ်” လို့ အစ္စတန်ဘူလ်မြို့ ဆီနန် အာရ်ဒီမ်းမှာ ONDER Imam Hatip Schools Alumni အသင်းက ကျင်းပပြုလုပ်တဲ့ လူငယ်များ တွေ့ဆုံပွဲမှာ ပြောကြားလိုက်တာပါ။
တစ်ခါတစ်ရံမှာ မွတ်စလင်ဆိုတဲ့ အမှတ်သညာထက် ပိုပြီး ရှေ့ရောက်ရောက်လာတဲ့ ဂိုဏ်းဂဏ၀ါဒ အစွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း တူရကီသမ္မတက ဝေဖန်ရှုတ်ချခဲ့ပါတယ်။
“အဲ့ဒီ့ပြဿနာတွေကြောင့် အစ္စလာမ်ကမ္ဘာဟာ အကြီးအကျယ် ထိခိုက်ပျက်စီးနေပါပြီ။ ဂိုဏ်းဂဏကွဲတွေအားလုံးရဲ့အထက်မှာ သာသနာတစ်ခုပဲ ရှိပါတယ်၊ အဲ့ဒါဟာ အစ္စလာမ်သာသနာပါပဲ”
Ref: IINA
Comments