6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၈၊ ၂၀၁၆
M-Media

venezuala

ကုလသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလားသံအမတ်ကြီး ရာဖေးလ် ရာမီရက်ဇက်

– ပါလက်စတိုင်းပြည်သူတွေအပေါ် အစ္စရေးက ကျူးလွန်တဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေ၊ ပါလက်စတိုင်းပိုင်နက်တွေမှာ တရားမ၀င်အခြေချအိမ်ယာ ဆောက်လုပ်တာတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလားသံအမတ်ကြီး ရာဖေးလ် ရာမီရက်ဇက်က ရှုတ်ချလိုက်ပါတယ်။

သောကြာနေ့က နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးပြဿနာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးတဲ့ Arria Formula အစည်းအဝေးမှာ ရာမီရက်ဇ်က အခုလို ပြောလိုက်တာပါ။

အစ္စရေးရဲ့ တရားမ၀င်အခြေချမှုတွေ၊ ပါလက်စတိုင်းပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပက်သက်ပြီး ဗင်နီဇွဲလား သံအမတ်ကြီးက ရှုတ်ချခဲ့သလို ပါလက်စတိုင်းပြည်သူတွေဟာ အစ္စရေးတပ်ဖွဲ့တွေရဲ့လက်အောက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခံနေရကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ပါလက်စတိုင်းပြည်သူတွေဟာ သူတို့ရဲ့ပိုင်နက်နယ်မြေတွေမှာ နေထိုင်ပြီး အစ္စရေးရဲ့ မတရားအနိုင်ကျင့်တာ၊ ကျူးကျော်နေထိုင်တာ၊ အိမ်တွေကိုဖျက်ဆီး၊ လယ်ယာမြေတွေသိမ်းယူ၊ ကလေးတွေကိုထောင်ထဲထည့်၊ မိန်းမနဲ့ကလေးတွေကို သတ်ပစ်ခံတာ စတဲ့ အစ္စရေးတွေရဲ့ လက်ချက်နဲ့ ဒုက္ခတွေ ပင်လယ်ဝေနေတာကို ကျွန်တော်တို့ ဆက်မခံစားနိုင်တော့ပါဘူး”

နောက်ပြီး အမေရိကန်က ဗီတိုအာဏာအသုံးပြုမှုနဲ့အတူ အစ္စရေး-ပါလက်စတိုင်း ပြဿနာကို ဖြေရှင်းရေး လုံခြုံရေးကောင်စီက မဆောင်ရွက်နိုင်မှုကို “နာလန်မထူနိုင်အောင် ကျရှုံးခြင်း” လို့လည်း ရမီရက်ဇ်က ကင်ပွန်းတပ်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ ပါလက်စတိုင်းပိုင်နက်တွေအတွင်း အစ္စရေးက တရားမ၀င် အခြေချအိမ်ယာတွေ တိုးချဲ့ဆောက်လုပ်မှုကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို လုံခြုံရေးကောင်စီက ထုတ်ပြန်ဖို့ ဆောင်ရွက်နေပါတယ်။

Ref; Press TV

Tags:

Leave a Reply