News @ M-Media

အသက် ၃၄ နှစ် ပြည့်အထိမ်းအမှတ်အဖြစ် နွမ်းပါးကလေး ၃၄ ယောက် အား မင်းသမီး ပရစ်တီးဇင်သာမွေးစား

ဘောလီးဝုးဒ် ရုပ်ရှင်မင်းသမီး ပရစ်တီဇင်သာမှ သူမအသက် ၃၄နှစ်ပြည်မွေးနေ့ အထိမ်းမှတ်အဖြစ် ဆင်းရဲနွမ်းပါးသူ အိန္ဒိယမိန်ကလေးငယ် ၃၄လေးဦးအားမွေးစားရန်ဆုံးဖြတ်လိုက်ပါသည်။ သူတိ့လေးတွေရဲပညာရေး နဲ့ ဘ၀တိုးတက်မြင့်မားဖို့ ကျွန်မ ကူညီပေးချင်လို့ပါ ဟု မွေးစားရသည့် အကြောင်းအရင်းကိုပြောပြသည်။ ပရစ်သီးဇင်သာသည် လူသားချင်စာနထောက်ထားမှု လုပ်ငန်းများတွင် ပါဝင်လှုပ်ရှားဆောင်ရွက်လေ့ရှိသူဖြစ်ပြီး အရှေ့လန်ဒန်တက္ကသိုလ်မှချီးမြင့်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ရယူရန် လန်ဒန်သို့ရောက်ရှိနေသည်။ကုလသမဂ၏ HIV ရောဂါ မိခင်မှ ကလေးငယ်များသို့ကူစက်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ပေးနေသော စေတနာဝန်းထမ်းတစ်ဦးလည်းဖြစ်ပါသည်။ အိန္ဒိယရှိ အမျိုးသမီးများသည် ဒုတိယတန်းစာနိုင်ငံသားများသဖွယ် နောက်ရောက်နေရကြောင်း ထိုကြောင့် ကောင်းမွန်သော ဘ၀ကို ဆောင်ကြဉ်းပေးနိုင်ရန်  မိန်ကလေးငယ် ၃၄ဦးကို မွေးစားမည်ဖြစ်ကြောင်း ၄င်းကပြောကြားပါသည်။ BBC

Comments

Leave a Reply