မေ ၁၂၊ ၂၀၁၆
M-Media
– နယူးကာဆယ်အသင်း၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ လီ ချန်လေက အသင်း တန်းဆင်းသွားရခြင်းအတွက် ပရိတ်သတ်များကို တောင်းပန်လိုက်သည်။
ယနေ့မနက်က ဆန်းဒါးလန်းအသင်းမှာ အဲဗာတန်အား ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီးနောက် နယူးကာဆယ်မှာ နော်ဝစ်ခ်ျ၊ အက်စတွန်ဗီလာတို့နှင့်အတူ တန်းဆင်းသွားရပြီဖြစ်သည်။ ထို့ကြောင့် နည်းပြ ဘင်နီတက်ဇ်၏ အနာဂတ်မှာလည်း မရေရာမသေချာ ဖြစ်လာခဲ့သည်။
ချန်လေကမူ အသင်းတန်းဆင်းသွားရသည့်အတွက် ကြေကွဲဝမ်းနည်းရသည်ဟု ဆိုသည်။
“ဒီညမှာတော့ အသင်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရတဲ့အတွက် ကျွန်တော်တို့ ကြေကွဲဝမ်နည်းရပါတယ်။ ဒီအသင်းနဲ့ သက်ဆိုင်သူအားလုံးလည်း ဒီလိုပဲခံစားရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ စိတ်ပျက်စရာ၊ အောင်မြင်မှုနဲ့ ဝေးကွာနေတာတွေရှိနေပေမယ့် အသင်းကို အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေအားလုံးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ပရိတ်သတ်တွေနဲ့ ထိုက်တန်တဲ့ ရလဒ်မျိုး ရယူမပေးနိုင်တဲ့အတွက် ‘အနူးအညွတ် တောင်းပန်ပါတယ်’ ဆိုတာကလွဲလို့ ကျွန်တော်တို့မှာ ပြောစရာစကား မရှိပါဘူး” ဟု ချန်လေက ပရိတ်သတ်များအား တောင်းပန်ခဲ့သည်။
Ref : Goal
Comments