မေ ၁၃၊ ၂၀၁၆
M-Media
– ရာသီပြီးဆုံးရန် တစ်ပွဲလိုတော့သည့်အချိန် မြို့ခံပြိုင်ဘက် မန်ယူနှင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ယှဉ်ပြိုင်နေရသည့် မန်စီးတီးနည်းပြ ပယ်လီဂရီနီက မိမိအသင်းမှာ ချန်ပီယံလိဂ်နေရာနှင့် ထိုက်တန်သည်ဟု ပြောကြားလိုက်သည်။
မန်စီးတီးမှာ လက်ရှိတွင် အဆင့် ၄ နေရာ၌ ရှိနေပြီး အဆင့် ၅ မှ မန်ယူအား ၂ မှတ်ဖြတ်ထားကာ နောက်ဆုံးပွဲအဖြစ် ဆွမ်ဆီးအသင်းနှင့် အဝေးကွင်တွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မန်စီးတီးတွင် ၃ နှစ် တာဝန်ယူပြီး ပရီးမီးယားလိဂ် ၁ ကြိမ်နှင့် လိဂ်ဖလား ၂ ကြိမ် ရယူပေးထားသည့် ပယ်လီဂရီနီက အသင်းသားများမှာ ချန်ပီယံလိဂ်နေရာနှင့် ထိုက်တန်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ ချန်ပီယံလိဂ်ရောက်ဖို့ ထိုက်တန်ပါတယ်။ (၂ ဂိုးစီသရေကျခဲ့သည့်) အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဥရောပ၀င်ခွင့်ရဖို့လည်း ကျွန်တော်တို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ဆိုတာ မလွယ်ကူပါဘူး။ အာဆင်နယ်နဲ့တုန်းက ကစားပုံမျိုးနဲ့ပဲ ရာသီကို အဆုံးသတ်ချင်ပါတယ်။ (ချန်ပီယံလိဂ်) ရီးယဲလ်နဲ့ပွဲအတွက် ကျွန်တော်စိတ်ပျက်ခဲ့ရပြီး အဲဒီတုန်းက ကျွန်တော့်အသင်းနဲ့ကို မတူပါဘူး။ ဖလားတွေရတာကို ကျွန်တော်ဂုဏ်ယူမိသလို ကစားပုံအတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ဟာ ပရိတ်သတ်တွေအတွက် ကစားကြတာပါ” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
Ref : Goal
Comments