မေ ၁၇၊ ၂၀၁၆
M-Media
– အင်္ဂလန်ရှိ အမှတ်ပေးလိဂ်နည်းပြများအသင်း LMA က ရွေးချယ်ပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံး နည်းပြဆုကို ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်း၏ နည်းပြ ကလော်ဒီယို ရာနီယေးရီက ရရှိခဲ့သည်ဟု သိရသည်။
ရာနီယေးရီမှာ ပြီးခဲ့သည့် ၁၂ လအရင်က တန်းဆင်းဇုန်၌ ရုန်းကန်ခဲ့ရသည့် လက်စတာကို ရာသီပြီးဆုံးရန် ၂ ပွဲအလိုတွင်ပင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အားကစားသမိုင်းတွင် အကြီးကျယ်ဆုံး ဖြစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
LMA က ရွေးချယ်ပေးအပ်သည့် အဆိုပါဆုကို ရရှိခဲ့ခြင်းကြောင့် ရာနီယေးရီမှာ အာဆင်ဝင်းဂါးနောက်ပိုင်း ထိုဆုကို ရရှိခဲ့သည့် ဗြိတိန်မဟုတ်သော ဒုတိယမြောက် နိုင်ငံခြားနည်းပြ ဖြစ်လာခဲ့သည်။ ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးအဖြစ် Brighton and Hove Albion နည်းပြ ခရစ် ဟူတန်က ရရှိခဲ့သည်။
မြောက်အိုင်ယာလန်အသင်းအား ယူရို ၂၀၁၆ ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မီခေးလ် အိုနီးလ်ကမူ LMA ၏ အထူးဆုကို ရရှိခဲ့သည်။
Ref: Goal
Comments