လိင်တူချင်းစိတ်ဝင် စားသူ(ယောကျာ်းရှာ၊ မိန်းမရှာ)များအား စစ်မှုထမ်းခွင့် ပိတ်ပင်ထားခြင်း ကို ကာလီဖိုးနီးယား ပြည်နယ် တရားသူကြီးမှ ပယ်ဖျက် လိုက်ပြီး အမေရိကန် စစ်တပ်တွင် ဂေးများ စစ်မှုထမ်းနိုင်ရေး လမ်းစပွင့်သွားခဲ့ပါ သည်။ အမေရိကန်တွင် ဂေး အခွင့်အရေးလှုပ်ရှားသူများ အားကောာင်းလာခဲ့ပြီး လူမှုအဖွဲ့အ စည်းတွင် ၄င်းတို့အား တရားဝင်အသိအမှတ်ပြုနိုင်ရန်ကြိုးပမ်းနေရာ တရားရုံး၏ ယခုလို ဆုံးဖြတ်ချက်သည် ၄င်းတို့၏ အောင်မြင်မှု တစ် ရပ်ဖြစ် လာခဲ့သည်။ သို့သော် အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနမှ ဂေးများအားတပ်ဖွဲ့ဝင်အဖြစ် လက်ခံမှုမှာ ပျက်ပြယ်သွားနိုင်ကြောင်းသတိပေး ထား သည်။ ပင်တဂွန်စစ်ဌာနချုပ်ကလည်း လိင်တူစိတ်ဝင်စားသူများ အား တပ်သားအဖြစ်လက်ခံေ၇းကို ယခင်ကတည်းက ကန့်ကွက်ထားပြီး တရားရုံအား အယူခံ တင်သွင်း ခဲ့သော်လည်း တရားသူကြီး Virginia Phillips က ၄င်း၏ အယူခံကို ပယ်ချခဲ့သည်။ နောက်ပိုင်းတွင် ပင်တဂွန်က ကိုယ်တိုင်ဂေး အဖြစ် ကြေငြာသူအား တပ်သား အဖြစ်လက်ခံ မည်ထုတ်ပြန်ခဲ့သည်။ ယင်း ထုတ်ပြန်ချက် ကို ဂေး အခွင့်အရေး လှုပ်ရှားသူများ က ပင်တဂွန်၏ ထုတ်ပြန်ချက်ကို စမ်းစစ်ရန် စစ်သားစု ဆောင်ရေး များသို့ ဂေးများကို စေလွတ်မည် ဟု တုန်ပြန်ထားသည်။ အမေရိကန်တွင် စစ်တပ်နှင့်ဂေးများအကြား အားပြိုင်နေမှုတွင် အမေရိကန်သမ္မတ အိုဘားမားက စစ်တပ်တွင် ဂေးများ အမှုထမ်းခွင့်ရှိကြောင်း သူ၏သဘောထားကို အစောပိုင်းတွင် ပြောဆိုခဲ့သည်။ အမေရိကန်စစ်တပ်မှလည်း ဂေးများ အားစစ်မှုထမ်းခြင်မှ တားမြစ် နိုင်ရန် ဥပဒေ ကြောင်းအရ ဆက်လက် လုပ်ဆောင် သွားမည် ဟုသိရသည်။ လာမည့် ဒီဇင်ဘာ၁ရက် တွင် ဂေးများ စစ်တပ်တွင် ပါဝင်ခွင့်ပေးခြင်းဖြင့်ကြုံတွေ့ နိုင်ဖွယ်ရာ အကျိုးသက်ရောက်မှုများကိုပငတဂွန်က ထုတ်ပြန်မည် ဟု ဆိုထားသည်။ ထို့အတူ ပင်တဂန်အရာရှိကြီး အချို့ကလည်း လိင်တူ စိတ်ဝင်စားသူများအား တရားဝင် အသိမှတ်ပြုပြီး စစ်မှုထမ်းခွင့်ပေးပါက အိမ်ယာမှ အစ အာမခံစာချုပ်များအထိ အာလုံးသော လူမှု နယ်ပယ် အနေအထားများကို ပြောင်းလဲ သွားစေနိုင်မည် ဟု သတိပေးထား သည်။ BBC
Comments