6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၂၁၊ ၂၀၁၆
M-Media

us roman

– အမေရိကန် ကက်သလစ်ခရစ်ယာန်အသင်းတော်မှ ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် တိုင်ကြားမှုမှာ ပြီးခဲ့သည့်နှစ်တွင် သိသိသာသာ တိုးလာသည်ဟု အမေရိကန် ကက်သလစ် ဂိုဏ်းအုပ်ဘုန်းတော်ကြီးများ၏ နှစ်ပတ်လည်ညီလာခံတွင် တင်သွင်းသည့် အစီရင်ခံစာအရ သိရသည်။

အဆိုပါစာရင်းတွင် ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည်ဟု သတင်းပို့ တိုင်ကြားသူများမှာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ၈၃၈ ဦး ရှိခဲ့ပြီး ခရစ်ယာန်ဘုန်းကြီး၊ ဘုရားကျောင်းတာဝန်ခံ သို့မဟုတ် ဘာသာရေးအသင်းအဖွဲ့မှ အဖွဲ့ဝင်များက ၎င်းတို့ အရွယ်မရောက်သေးသည့်အချိန်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

ပြီးခဲ့သည့်တစ်နှစ်အရင်ကမူ တိုင်ကြားမှုအရေအတွက်မှာ ၆၂၀ ရှိပြီး ပြီးခဲ့သည့်နှစ်တွင် ၃၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ တိုင်ကြားမှုမှ အများစုမှာ ၁၉၆၀၊ ၇၀ နှင့် ၈၀ ပြည့်နှစ်များက ဖြစ်ပွားခဲ့သည့် ကိစ္စများဖြစ်ပြီး ၂၆ ခုသာ မကြာသေးမီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စာရင်းအင်းစုဆောင်းမှုကာလအတွင်း လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် ဆက်စပ်သည့် ကိစ္စများအတွက် ဖြေရှင်းပေးရမှုများ၊ ဥပဒေရေးရာ ငွေကြေးကုန်ကျမှုနှင့် အခြားသောကုန်ကျမှုများမှာ ကန်ဒေါ်လာ ၁၅၃ သန်း ရှိသည်ဟုလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်တွင် ခရစ်ယာန်ဘုန်းကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် ထိုကိစ္စများအား စနစ်တကျ ဖုံးကွယ်ထားမှုများကို ၂၀၀၂ ခုနှစ်တွင် အမေရိကန်မီဒီယာများက ဖွင့်ချခဲ့သည်။

၁၉၅၀ မှ ၂၀၁၁ ခုနှစ်အတွင်း အရွယ်မရောက်သေးသူ ကလေးငယ် ၁၆၉၀၀ ဦးအား ကက်သလစ်ဘုန်းတော်ကြီး ၆၉၀၀ နီးပါးက လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရကြောင်း အမေရိကန် ကက်သလစ်ဂိုဏ်းအုပ်ဘုန်းတော်ကြီးများ ညီလာခံ၏ စာရင်းတွင် ဖော်ပြထားသည်။

Ref: Press TV

Tags:

Leave a Reply