6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မြောက်ကိုးရီးယားနိုင်ငံသည် နိုင်ငံတကာမိသားစု မှ တားမြစ်နေသည့် ကြားမှပင် နျူးကလီးယားစမ်းသပ်မှု ကို ၂၀၀၆ခုနှစ်တွင် နှစ်ကြိမ်တိုင်တိုင် ဖောက်ခွဲစမ်းသပ်ပြ ခဲ့သည်။ နျူးကလီးယား မပြန့်ပွား ရေးစာချုပ်မှ လည်း နုတ်ထွက်ခဲ့ပြီး နိုင်ငံတွင်းသို့လည်း နျူးကလီးယားစစ်ဆေးသူများ ၀င်ရောက်စစ်ဆေးရေးကို တားမြစ် ထားခဲ့ သည်။  အမေရိကန်က တရုတ်အပါအ၀င် အိမ်နီချင်နိုင်ငံများပါဝင်သော ခြောက်နိုင်ငံဆွေးနွေးပွဲကို ကျင်း ပကာ ယင်းသို့ တရားမ၀င်ပိုင်ဆိုင်ထားသော နျူးကလီးယား လက်နက်များကို ဖျက်သိမ်းနိုင်ရန် ကြိုး စား ခဲ့သော်လည်း မည်သို့မျှ အရာမထင်ခဲပေ၊။
ထို့ကြောင့် ကုလမဂမှ မြောက်ကိုးရီးယားအား စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်ခဲ့သည်၊ သို့သော် လည်း မြောက်ကိုးရီးယား အစိုးရသည် နိုင်ငံတကာ၏
တောင်းဆိုမှုကိုမျက်ကွယ်ပြုကာ နျူကလီးယားပိုင်ဆိုင်ရန် ကြိုးပမ်မှုအား အရှိန်မသတ်နိုင်သေးပဲ  တတိယအကြိမ်မြောက် နျုးကလီးယား စမ်းသပ်ရန် ထပ်မံ
ခြေလှမ်းပြင်လာခဲ့ပါသည်။ ပစိဖိတ်ဒေသ အခြေစိုက်အမေရိကန်တပ်မှူးကြီး က ထပ်မံနျူးကလီားးစမ်းသက်မည့်လုပ်ရပ် အိမ်နီချင်း တောင်ကိုးရီးယားအပါ အ၀င်
ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်ကြောင်း သတိပေးခဲ့သည်။ လာမည့် ၃လအတွင်း တတိယအကြိမ်မြောက် နျူကလီးယားစမ်းသပ်ရန်
ပြင်ဆင်နေမှုများကို အမေရိကန်ထောက်လှမ်းရေဂြိုလ်တုများက ထောက်လှမ်းနိုင်ခဲ့သည်။ ထို့ပြင် တောင်-မြောက်ပေါင်းစည်းရေး ၀န်ကြီးကလည်း မကြာခင် မြောက်ကိုးရီးယားမှ နျူးကလီးယားစမ်းသပ်ရန်ရှိကြောင်း ထုတ်ဖေါ်ပြောကြခဲ့သဖြင့် နိုင်ငံတကာ ၏စိုးရိမ်မှုများ မြင့်တက် လာခဲ့ရသည်။ ၁၉၅၀-၅၃ တွင် စစ်ပွဲဖြစ်ပွားခဲ့သော တောင်နှင့်မြောက်ကိုးရီးယားနှစ်နိုင်ငံ၏ ဆက်ဆံရေးသည် စစ်သား ၄၆ဦးသေဆုံးခဲ့ရသော တောင်ကိုးရီးယားစစ်သင်္ဘောနစ်မြုပ်ပြီးနောက်
တင်မားမှုများမြင့် တက်လာခဲ့သည်။ ၄င်းစစ်သင်္ဘောအား မြောက်ကိုးရီးယားမှ  ပစ်ခတ် နစ်မြုပ်ခဲ့သည်ဟု တောင်ကိုးရီးယားမှ စွပ်စွဲခဲ့သည်။
တောင်ကိုးရီးယားသည်လည်း မြောက်ကိုးရီးယား၏ စစ်ရေးခြိမ်းခြောက်မှုများကိုရင်ဆိုင်နိုင် အမေရိကန် နှင့်ပူးတွဲစစ်ရေးလေ့ကျင်မှုများကို အကြိမ်ကြိမ်ပြု လုပ်လျက်ရှိနေသည်။ AP

Leave a Reply