ဇွန် ၄၊ ၂၀၁၆
M-Media
– ၂၀၁၅ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ ရာနဲ့ချီတဲ့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရပြီး သေဆုံးစေခဲ့တဲ့အတွက် ယီမင်နိုင်ငံမှာ တိုက်ခိုက်မှုတွေလုပ်နေတဲ့ အာရပ်ညွန့်ပေါင်းအဖွဲ့ကို ကုလသမဂ္ဂက အမည်ပျက်စာရင်း သွင်းလိုက်ပါတယ်။
ဆော်ဒီဦးဆောင်ပြီး အာရပ် ၁၀ နိုင်ငံပါဝင်တဲ့ အဲဒီအဖွဲ့က ပြီးခဲ့တဲ့နှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၅၁၀ သေဆုံးခဲ့ပြီး ၆၆၇ ဦးဒဏ်ရာရခဲ့ကာ အဲဒီထဲက ၆၀ ရာခိုင်နှုန်းလောက်ဟာ ကလေးငယ်တွေဖြစ်ပါတယ်။
သောကြာနေ့က ထွက်လာတဲ့အစီရင်ခံစာမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ယီမင် မြေပြင်အခြေအနေတွေဟာ စိုးရိမ်းစရာကောင်းနေတယ်လို့ သတ်မှတ်ခဲ့ပြီး ၂၀၁၄ နဲ့နှိုင်းယှဉ်ရင် ၂၀၁၅ မှာ သေဆုံးတဲ့ ကလေးအရေအတွက် ၆ ဆ ပိုတယ်လို့ ပြောကြားခဲ့ပါတယ်။
“ချိုးဖောက်မှုတွေအများအပြား ပြုလုပ်တာကြောင့် ဟူသီသူပုန်တွေနဲ့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့တို့ကို သတ်ဖြတ်မှု၊ ထိခိုက်ကျိုးပဲ့စေမှု၊ ဆေးရုံနဲ့ ကျောင်းတွေကို တိုက်ခိုက်မှု စတာတွေကို ပြုလုပ်တဲ့ စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်” လို့ ဘန်က ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
လက်နက်ကိုင်အုပ်စုတွေက ကလေးငယ်တွေကို တပ်သားသစ်စုဆောင်းမှုကလည်း ၅ ဆလောက် ပိုများလာတယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Ref: Aljazeera
Comments