ဇွန် ၄၊ ၂၀၁၆
M-Media
– ယခုလအတွင်း ပြင်သစ်၌ ကျင်းပပြုလုပ်မည့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲတွင် ဒိုင်လူကြီးများအနေဖြင့် ပြစ်ဒဏ်ကျူးလွန်မှုများအတွက် အပြစ်ပေးရဲရမည်ဟု အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက ပြောကြားလိုက်သည်။
ကြာသာပတေးနေ့က ကစားခဲ့သည့် အင်္ဂလန်နှင့် ပေါ်တူဂီတို့၏ ခြေစမ်းပွဲတွင် ဟယ်ရီကိန်းမှာ ဘောလုံးရရှိရန် ကြိုးစားရာတွင် ဘရူနို အဲလ်ဗက်စ်၏ ခြေထောက်ဖြင့် ခေါင်းကို ထိခိုက်မိခဲ့ပြီး ထိုအဖြစ်ပျက်ကြောင့် ကွင်းလယ်ဒိုင်က အဲလ်ဗက်စ်အား တိုက်ရိုက်အနီကဒ်ဖြင့် ထုတ်ပယ်ခဲ့သည်။
ကိန်းကမူ ထိုအဖြစ်အပျက်ကို ထောက်ပြ၍ ယူရိုပြိုင်ပွဲတွင် ဒိုင်လူကြီးများမှာ ထိုကဲ့သို့ ပြစ်ဒဏ်များအား အပြစ်ပေးရန် သတ္တိရှိရမည်ဟု ဆိုသည်။
“ကျွန်တော်ဟာ ပြစ်ဒဏ်ကျူးလွန်ခံရတာကို သိပ်ဂရုမထားဘဲ၊ အဲဒီလိုလည်း မလုပ်တတ်သူပါ။ (ပေါ်တူဂီနဲ့ပွဲမှာ) ဒိုင်လူကြီးက သတ္တိရှိရှိ လုပ်ပြသွားတာ ကောင်းပါတယ်။ တစ်ခြားဒိုင်လူကြီးတွေဆိုရင် ဒီလိုကျူးလွန်မှုဟာ သိပ်မဆိုးဘူးလို့ ထင်မှာဖြစ်ပြီး အ၀ါကဒ်လောက်နဲ့ ပြီးသွားမှာပါ။ ဒါပေမယ့် ဒိုင်လူကြီးက ထုတ်ပယ်လိုက်ပါတယ်” ဟု ဟယ်ရီကိန်းက ပြောကြားခဲ့သည်။
“ယူရိုပြိုင်ပွဲမှာ ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ရမှာပါ။ ဒါပေမယ့် ဒိုင်လူကြီးတွေအနေနဲ့ သတ္တိရှိမယ်လို့ မျှော်လင့်ပါ
တယ်”
Ref : Goal
Comments