6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၆၊ ၂၀၁၆
M-Media

britain

– ဇွန်လ ၆ ရက်နေ့မှာ ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လအတွင်း ဗြိတိန်မွတ်စလင်တွေနဲ့ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေအတွက် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

“ရမ်ဇာန်လမြတ်ဟာ ဗလီဝတ်ကျောင်းတွေက သူတို့ရဲ့ တံခါးတွေကိုဖွင့်ထားပြီး၊ မွတ်စလင် ပရဟိတစင်တာတွေကလည်း သူတို့ရဲ့ အိမ်နီးချင်းတွေကို ကြိုဆိုတဲ့လ ဖြစ်ပါတယ်။ မွတ်စလင်တွေ ၀ါဖြေချိန်မှာ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဂျူးဘုရားကျောင်းတွေကလည်း နေရာထိုင်ခင်းတွေ ပေးကြပါတယ်။ အဲဒီဝါဖြေပွဲတွေကို ဘာသာအားလုံးက လူတွေနဲ့ ဘာသာမဲ့တွေကို ဖိတ်ကြားကြပါတယ်” လို့ ကင်မရွန်းက ၂ မိနစ်တာကြာမြင့်တဲ့ ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

နောက်ပြီး Coventry Cathedral ဘုရားကျောင်းက ဘာသာပေါင်းစုံ အစ်ဖ်တာရ်ဝါဖြေပွဲကို ပြုလုပ်မှာဖြစ်ကြောင်း၊ မန်ချက်စတာမြို့မှာလည်း အင်္ဂလန်အသင်းရဲ့ ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်ကစားမှုနှင့်အတူ အစ်ဖ်တာရ်ဝါဖြေပွဲကို ပြုလုပ်ဖို့ရှိနေကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံးက အိမ်ယာမဲ့တွေဟာ သူတို့နဲ့ဘ၀တူ အိမ်ယာမဲ့တွေနဲ့အတူ ၀ါဖြေပွဲတွေ ပြုလုပ်ကြမှာဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

“တကယ်တော့ ရမ်ဇာန်ရောက်ပြီဟေ့လို့ဆိုရင် ဥပုသ်သီလဆောက်တည်ရမယ်ဆိုတာကို ကျွန်တော်တို့ တစ်ပါတည်း တွဲသိကြပါတယ်။ ပြီးတော့ ဒီလဟာ မွတ်စလင်တွေရဲ့ ယုံကြည်မှုကို စမ်းသပ်တဲ့ ကာလလည်းဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ပူပြင်းရှည်လျားတဲ့နေ့တွေမှာပေါ့။ ဒါပေမယ့် ဒီထက်ပိုတာတွေလည်း ရှိပါတယ်။ မွတ်စလင်တွေဟာ သူတို့ရဲ့ ငွေကြး၊ ဥစ္စာပစ္စည်းတွေကို ကံမကောင်းအကြောင်းမလှကြတဲ့ သူတွေကို လှူဒါန်းကြတယ်။ သူတို့ရဲ့အားလပ်တဲ့ အချိန်ကိုလည်း ၀တ်ပြုဆုတောင်းမှုတွေ၊ တရားဘ၀နာစီးဖြန်းမှုတွေမှာ ကုန်ဆုံးကြပါတယ်”

ဆီးရီးယားစစ်ပွဲကြောင့် ထိခိုက်ခံစားနေရပြီး ရမ်ဇာန်လမြတ်ကို ဒုက္ခသည်စခန်းများမှာ ကုန်ဆုံးရမယ့် မိသားစုတွေကို စာနာမိကာ ဆီးရီးယားပြည်သူတွေကို ဆက်လက်အားပေးထောက်ပံ့သွားမှာဖြစ်တယ်လို့လည်း ကင်မရွန်းက အဲဒီ ဗီဒီယိုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ၀န်ကြီးချုပ်က ရမ်ဇာန်မူဘာရက်ပါလို့ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

“အစ်ဖ်တာရ်ဝါဖြေပွဲတွေ၊ လူမှုရေးအခမ်းအနားတွေမှာ အတူတကွ ဆက်လက်ပါဝင်ကြပါစို့။ ကျွန်တော်တို့ နေထိုင်တဲ့ ဒီတိုင်းပြည်မှာ ဂုဏ်ယူစရာကောင်းပြီး၊ လူမျိုးစုံ၊ ဘာသာစုံပါဝင်တဲ့ ဒီမိုကရေစီထွန်းကားမှုကို ရရှိခံစားကြပါစို့။ ဗြိတိန်နဲ့ ကမ္ဘာတစ်ဝှမ်းက လူတိုင်းအတွက် ‘ရမ်ဇာန်မူဘာရက်’ ပါလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”

Ref : 10 Downing Street’s Facebook

Leave a Reply