စက်တင်ဘာ ၊ ၁၁။ ၂၀၁၂
M-Media
နေပြည်တော်။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူပြီး ဖြစ်သော သံအမတ်ကြီး ဟိုစိန် ကာမာလီယံသည် ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ သမ္မတ အိမ်တော်သို့ သွားရောက်၍ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာ ပေးအပ်စဉ်
ဓါတ်ပုံ (မြဝတီ)
အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအကြား သံအဆက်အသွယ်ထားရှိရန် ၂၀၁၂ ခုနှစ် ဇူလိုင်လမှ စတင်ပြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အလီအက္ကဘရ်ဆာလီဟီ ၏ ပြောကြားချက်ကို BERNAMA တွင် ဖော်ပြချက်များအရ သိရှိရပါတယ်။
Comments