ဇွန် ၁၃၊ ၂၀၁၆
M-Media
– ယူရိုအဖွင့်ပွဲစဉ်များတွင် ပရိတ်သတ်များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ဘောလုံးပွဲနေ့များတွင် ပရိတ်သတ်များသွားလာရာ နေရာများနှင့် အခြား သတ်မှတ်ဧရိယာများ၌ အရက်သောက်သုံးမှုကို ပြင်သစ်အစိုးရက တားမြစ်ပိတ်ပင်လိုက်သည်။
ပြီးခဲ့သည့် ၃ ရက်အတွင်း မာဆေးလ်၌ အင်္ဂလန်နှင့် ရုရှားတို့၏ အုပ်စုအဖွင့်ပွဲစဉ်တွင် ပရိသတ်များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခြင်းနှင့် ဒေသတွင်း လူဆိုးဂိုဏ်းများ၏ ရမ်းကားခြင်းတို့ကြောင့် ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့ရကာ ယနေ့မနက် ကစားခဲ့သည့် မြောက်အိုင်ယာလန်နှင့် ပိုလန်တို့၏ပွဲတွင်လည်း ပရိသတ်များအကြား ပြဿနာဖြစ်ပွားခဲ့သည်။
“ပွဲရှိတဲ့နေ့နဲ့တွေနဲ့ အဲဒီမတိုင်ခင်တစ်ရက်၊ ပြီးတော့ ပရိတ်သတ်တွေ သွားလာနိုင်တဲ့နေရာတွေ ဖွင့်တဲ့ရက်တွေမှာ ပြဿနာဖြစ်နိုင်တဲ့နေရာတွေအတွင်း အရက်သေစာရောင်းချမှု၊ သောက်သုံးမှုနဲ့ ပို့ဆောင်မှု စတာတွေကို တားမြစ်ရေး လိုအပ်တာမှန်သမျှ အားလုံးလုပ်ဆောင်သွားဖို့ ကျွန်တော် ညွှန်ကြားထားပါတယ်။ မာဆေးလ်မှာ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေဟာ လက်မခံနိုင်စရာပါပဲ။ အာဏာပိုင်တွေ၊ လူ့အဖွဲ့အစည်းနဲ့ ဘောလုံးချစ်သူတွေက ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စမျိုးတွေပါ” ဟု ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘားနဒ် ကာဇီနျူဗီက ပြောကြားခဲ့သည်။
Ref : Goal
Comments