ဇွန် ၁၄၊ ၂၀၁၆
M-Media
– ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ နျူသဘောတူညီချက် ရယူပြီးဖြစ်ပေမယ့် အဲဒီသဘောတူညီချက်က မိမိတို့နိုင်ငံအပေါ် ရန်လိုမှုတွေ အဆုံးသတ်ဖို့ အာမ မခံနိုင်ဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ်ဇာရစ်ဖ်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
အဲဒီသဘောတူညီချက် ရလဒ်တွေနဲ့ပတ်သက်လို့ အီရန် လွှတ်တော်အမတ်တွေကို အကျဉ်းချုံးတင်ပြတဲ့ ပါလီမန်အစည်းဝေးကို တက်ရောက်စဉ် ၀န်ကြီးက ဒီလိုပြောကြားလိုက်တာပါ။
“ဒီသဘောတူညီချက်ဟာ တစ်ဖက်က ရန်လိုမှုတွေ အဆုံးသတ်သွားမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူတို့ဟာ အီရန်ကို ခလုတ်ကန်သင်းလို့ အမြဲတမ်း ရှုမြင်နေလို့ပါပဲ။ ပြီးတော့ ဒါဟာ သူတို့ရဲ့အဖျက်အမှောင့်လုပ်ရပ်တွေကို စွန့်လွှတ်လိုက်မယ်လို့ ဆိုလိုတာမျိုးလည်း မဟုတ်ပါဘူး”
နျူသဘောတူညီချက် ရယူချိန်ကစပြီး အမေရိကန်နဲ့ သူ့ရဲ့အပေါင်းအပါတွေဟာ အီရန်ရဲ့ ဒုံးကျည်စီမံကိန်းတွေအပေါ် ပစ်မှတ်ထားလျက်ရှိနေပြီး၊ အီရန်အစိုးရ တာဝန်ရှိသူတွေကတော့ အနောက်နိုင်ငံတွေဟာ ဖျက်လိုဖျက်ဆီးလုပ်ဖို့ အမြဲလိုလို ကြိုစားနေတယ်လို့ ပြောကြားထားပါတယ်။
ဇာရစ်ဖ်ကတော့ အီရန်ရဲ့ဒုံးကျည်အစီအစဉ်တွေဟာ နျူကလီးယားသဘောတူညီချက်နဲ့ မသက်ဆိုင်ဘူးလို့ အဲဒီပါလီမန်အစည်းအဝေးမှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။
Ref : Presstv
Leave a Reply
You must be logged in to post a comment.