6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၁၅၊ ၂၀၁၆
M-Media

syria 2

– ဆီးရီးယားပြည်တွင်းစစ်ကြောင့် ရမ်ဇန်ဥပုသ်လ ပထမပတ်အတွင်းမှာပဲ အနည်းဆုံး လူ ၂၂၄ ယောက် သေဆုံးခဲ့ပြီး သေဆုံးသူအများစုဟာ ဆီးရီးယားအစိုးရနဲ့ ရုရှားတိုက်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ လန်ဒန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၆ ရက်နေ့ကနေ ၁၂ ရက်နေ့အတွင်း ရဟတ်ယာဉ်တွေနဲ့ ဗုံးတွေကြဲချခဲ့တာကြောင့် အရပ်သား အနည်းဆုံး ၁၄၈ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ် ၅၀ နဲ့ အမျိုးသမီး ၁၅ ဦးတို့ ပါဝင်ခဲ့တာလို့ ဆိုပါတယ်။ IS အဖွဲ့က အကြမ်းဖက်သမားတွေနဲ့ သူပုန်တွေပစ်ခတ်မှုမှာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပြီး၊ IS အဖွဲ့ကနေ လူတစ်ဦးကို ကွပ်မျက်ခဲ့တယ်လို့ အဆိုပါစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။

“ဆီးရီးယားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေနဲ့ပက်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အသံတိတ်နေတဲ့အပေါ် ကျွန်တော်တို့ ထပ်မံ ရှုတ်ချလိုက်ပါတယ်” လို့ အဲဒီအဖွဲ့က ထထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့သည့် သီးတင်းပတ်အတွင်း နိုင်ငံမြောက်ပိုင်းက IS တွေရဲ့ ခြေကုပ်ဖြစ်တဲ့ မန်ဘစ်ဂ်ျကနေ ပြည်သူရာပေါင်းများစွာ ထွက်ပြေးခဲ့ရပြီး၊ ထောင်နဲ့ချီတဲ့ပြည်သူတွေဟာလည်း မြို့တွင်းမှာ ပိတ်မိနေတယ်ဆိုတဲ့ စိုးရိမ်းမှုတွေလည်း ရှိနေပါတယ်။ အဲဒီမြို့ကိုတော့ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ ကာ့ဒ်နဲ့ အာရပ်တပ်ဖွဲ့တွေက ၀န်းရံထားပါတယ်။

Ref : Aljazeera

Leave a Reply