ယီမင် နိုင်ငံ Abyan ပြည်နယ် မှ လုံခြုံရေးအရာရှိ Mohammad Khadhar က ဆော်ဒီအေးဂျင့်များသည် ယီမင်ရှိ အလ်ကိုင်ဒါများနှင့် အစွန်းရောက်များ ကို
လေ့ကျင်သင်တန်းပေးနေကြောင်း ၊အလ်ကိုင်ဒါ များ စစ်ဆင်နေမှုသည် စနစ်တကျမရှိသော အုပ်စုငယ်များနှင့် စစ်တပ်များ အကြားတိုက် ခိုက်နေသည့် စစ်ပွဲကဲ့ သို့ဖြစ်နေကြောင်း ထုတ်ဖေါ်ပြောဆိုလိုက်ပါသည်။ ဆော်ဒီအာဏာပိုင်များက ယင်း စစ်သွေးကြွများကို ထောက်ပံကူညီနေပြီး အဆိုပါ ဆော်ဒီအေးဂျင်များသည် ယီမင်တောင်ပိုင်းရှိ လူငယ်များကို စုဆောင်း သိမ်းသွင် နေကြောင်း ၄င်းကဆိုပါသည်။ ယီမင်ထောက်လှမ်းရေးသတင်းများအရ အလ်ကိုင်ဒါများသည် မိန်းမများ ၊ကလေးငယ်များ လူသားဒိုင်းအဖြစ်အသုံးချနေသည်ဟု သိရသည်။ ယီမင်စစ်တပ်၊ အလ်ကိုင်ဒါများနှင့် အခြားလက်နက် ကိုင်တပ်ဖွဲ့များအကြား ဆက်လက် ပဋိပက္ခဖြစ် ပေါ်လျက်နေသည် ။ စစ်သွေးကြွများ သည် မြို့တော် ဆာနား တွင် ဗြိတိန်သံအား သတ်ဖြတ် ရန်ကြံစည်မှုမအော င်မမြင်ဖြစ်ခဲရပြီနောက် ယီမင်အာဏာ ပိုင်များအားပိုမိုပစ်မှတ်ထားလာကြသည်။ Presstv
Comments